part(17)

2.7K 132 23
                                    

"ဟင်းး"

ခန္ဓာကိုယ်တစ်ခုလုံး ကြေမွအောင်ရိုက်ချိုးခံထားရသလိုမျိုးနာကျင်မှုနှင့် အလင်္ကာနိုးကြားလာသည်။ဒီလိုခံစားချက်မျိုးနဲ့ အတန်ငယ်ရင်းနှီးနေပြီဖြစ်သော်ငြား ကိုက်ခဲမှုကပုံမှန်ထက်သာလွန်နေခဲ့သည်။

လုပ်နေကျအကျင့်အတိုင်း မျက်မှန်ကိုယူရန်ပြင်လိုက်သည်။ဒါပေမဲ့ အလင်္ကာလက်တစ်ဖက်ပင်မမြှောက်နိုင်ခဲ့ပေ။နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ စိမ့်ဝင်လာတဲ့နာကျင်မှုက မျက်ရည်တွေဝဲလာစေတဲ့အထိ လုံလောက်သည်။

"ဟင့်!!"

စိတ်အလိုကို ခန္ဓာကိုယ်ကမလိုက်နိုင်တဲ့အခါကျဆင်းချင်လာပြီဖြစ်တဲ့ မျက်ရည်တွေကိုအလင်္ကာတားဆီးမထားတော့ဘူး။မျက်ရည်ပူများကို လွပ်လပ်စွာကျဆင်းခွင့်ပေးရင်းအလင်္ကာတစ်ချက်ရှိုက်လိုက်သည်။သူနဲ့တွေ့မှ အလင်္ကာငိုရသည်မှာ ဘယ်နှစ်ကြိမ်ရှိပြီမှန်းမသိပေ။

ရုတ်တရက် အလင်္ကာဆီလျှောက်လာသည့်ခြေသံကိုကြားလိုက်ရသည်။ထို့နောက် နွေးထွေးပြီးကြီးမားတဲ့လက်တစ်စုံက အလင်္ကာမျက်ရည်တွေကို သုတ်ပေးလာသည်။

"ဘယ်နားတွေအဆင်မပြေတာလဲ ဘယ်နေရာတွေမသက်သာတာလဲ ကျွန်တော့်ကိုပြောပါဦး"

အီသန်က အဖျားငွေ့တွေရှိနေဆဲကိုယ်လုံးလေးကိုသူ့ရင်ခွင်အတွင်းထွေးပွေ့ရင်းပြောလိုက်သည်။အီသန် အလင်္ကာနိုးလာလျှင်အရန်သင့်သောက်ရန် မှိုစွပ်ပြုတ်ကိုmicrowaveနှင့်ပြန်နွှေးနေခြင်းဖြစ်သည်။သူအခန်းထဲပြန်ဝင်လာသည့်အခါမြင်လိုက်ရတဲ့ အလင်္ကာပုံစံကအီသန်ကိုလည်းနာကျင်စေသည်။

"နောက်ကျော"

"တင်ပါးယောင်တာကျသေးမှာမဟုတ်ဘူးကျွန်တော့်ကိုယ်ပေါ်မှာပဲနေပါ"

ဖျော့တော့စွာထွက်လာတဲ့ အလင်္ကာအသံကိုကြားသည်နှင့်နဖူးပြေပြေထက် သူ့နှုတ်ခမ်းတွေဖိကပ်လိုက်ရင်း ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်ကအကြိမ်ကြိမ်။

"ငါ့မျက်မှန်"

အလင်္ကာစကားအဆုံး မျက်နှာပြင်ထက်ရောက်ရှိလာတဲ့ သတ္တုကိုင်းရဲ့အေးစက်စက်အထိအတွေ့။ဝေဝါးနေခဲ့တဲ့ မြင်ကွင်းတွေကသဲကွဲလာသလို အလင်္ကာမျက်နှာအနီးတွင်ရှိနေဆဲဖြစ်သည့် အီသန်မျက်နှာချောချောကိုလည်းရှင်းလင်းစွာ မြင်လိုက်ရသည်။စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေတဲ့ သူ့မျက်ဆံပြာတွေဆီကနေ အလင်္ကာအကြည့်လွှဲလိုက်သည်။လုပ်ချင်တာလုပ်ပြီးမှလာစိတ်ပူပြနေတယ်၊နော်အီသန်မောင်ဆိုတဲ့သူက တကယ်ရယ်စရာကောင်းတဲ့သူပဲ။

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now