part(18)

3.3K 157 28
                                    


"အခြေအနေ ဘာထူးလဲ"

အီသန် ဧကတို့ဝိုင်းတွင်ဝင်ထိုင်လိုက်သည်နှင့် ဧက ကမေးလာခဲ့သည်။

"မဆိုးပါဘူး"

"အဆင်ပြေတာပေါ့ ကောင်းတယ်"

"ပါတီကလည်း ပျင်းစရာကွာ"

တည်ငြိမ်က ဖွာကျနေသည့် သူ့ဆံနွယ်တွေကိုလက်နဲ့သပ်တင်ရင်း ပြောလိုက်သည်။

"ငါ ဒီလကုန်ရင်Cမြို့ကိုသွားရမှာ အဲ့နေ့မတိုင်ခင် မင်းအတွက်သီးသန့်ပွဲလုပ်ပေးမယ်"

"ကောင်းသားပဲ"

"မကြာသေးခင်က သတင်းထွက်ထားတဲ့ မော်ဒယ်မလေးနဲ့မင်း နှစ်ယောက်ထဲသီးသန့်နော်"

"နေရာသာပြောလိုက်"

"ရက်ရောလှချည်လား မှန်းစမ်း..မင်းဖျားနေတာလား"

ပြောရင်း ဆက်သ တည်ငြိမ်နှဖူးကိုစမ်းလိုက်သည်။အရင်ကတည်ငြိမ်ဆိုရင် ရှိတဲ့ပစ္စည်းနဲ့ကောက်ပေါက်လို့ သူပြေးနေရလောက်ပြီလေ။

"ဖယ်စမ်းပါ မင်းလက်ကြီး"

"ကြည့်ရတာ မင်းအဲ့ဒီတစ်ယောက်ကိုကြွေသွားပြီထင်တယ်"

"ကြွေစရာလား ခန့်မောဓိဖြစ်သွားမဲ့မျက်နှာကိုမြင်ချင်လို့"

"ခန့်မောဓိနဲ့ ဘာဆိုင်လို့လဲ"

"အဟင်း၊အဲ့တစ်ယောက်က ခန့်မောဓိ တူမလေ"

" ကမ္ဘာကြီးကကျဥ်းကျဥ်းလေးဆိုတဲ့ဆိုရိုးကနောက်နေတာမဟုတ်ဘူးပဲ"

"တော်စမ်းပါကွာ နှစ်ယောက်လုံးစိတ်ရှုပ်စရာတွေ"

"အပြောကတော့ ရွှေမန်းပဲ"

"မယုံလဲနေ"

"အေး မယုံဘူး"

"ကျစ်! ဆက်သ မင်းငါနဲ့တစ်ပွဲနွှဲချင်တာလား"

"မနွှဲရဲပါဘူး မြေစာပင်အဖြစ်မခံနိုင်ဘူး၊မင်းကလည်း အဖွဲ့ထဲမှာငါအငယ်ဆုံးဆိုပြီး အားနေနှိပ်ကွက်ဖို့ပဲချောင်းနေတယ်၊နောက်မှ ငါ့ကိုသတိရတယ်ပြောရဲပြောကြည့် ဘိုင့်ဘိုင်နော်"

"မြန်မြန်လစ် နားအေးလေကောင်းလေပဲ"

"အား ရင်တောင်နင်တယ်၊မင်းပြောထားဦးပေါ့"

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now