part(6)

2.6K 126 7
                                    

အင်တာဗျူးအောင်ခဲ့သည့်အတွက် အလင်္ကာ
လုပ်ငန်းခွင် ဝင်နေသည်မှာ တစ်ပတ်ခန့်ရှိပြီ
ဖြစ်သည်။

accountingပိုင်းနှင့်ပက်သက်သည့် နေရာတွင်
လုပ်ရသည်မို့ လစာက သိပ်မဆိုးပေ။ယခုအပတ်အတွက် စာရင်းများကိုပြန်လည်စီစစ်ပြီးချိန်တွင် အလုပ်ဆင်းချိန် ရောက်နေခဲ့သည်။

နေ့လည်ဖုန်းဆက်သည့်အချိန်က အီသန်က
ညနေသူလာကြိုမည်ဟုပြောခဲ့ပေမဲ့ နေစေးဆီ
သွားမည့်  အလင်္ကာက လာမကြိုရန် ပြောထား
ခဲ့သည်။

Company မှထွက်လာလိုက်သည်။မလှမ်းမကမ်း
တွင် မြင်နေရသည့် ရင်းနှီးနေတဲ့ပုံရိပ်ကိုကြည့်ရင်း အလင်္ကာ မျက်ခုံးတို့တွန့်ချိုးကုန်သည်။

ခန့်မောဓိကလဲ သူ့ကိုမြင်သွားဟန်။ဘေးရှိ အ
တွင်းရေးမှုးကိုစကားအနည်းငယ်ပြောလိုက်ပြီး
မှ အလင်္ကာ ဆီ လျှောက်လာခဲ့သည်။

"ကိုယ်မင်းကိုပြောစရာရှိတယ်"

နွမ်းလျလျနှင့် ခန့်မောဓိက အလင်္ကာကိုပြုံးပြရင်းပြောလာသည်။ အိပ်ရေး၀၀အိပ်ထားပုံမပေါ်သည့် ခန့်မောဓိသည် မျက်ကွင်းများလဲ အနည်း ငယ်ညိုမဲနေလျက်။

"ဘာပြောချင်လို့လဲ"

အလင်္ကာအရှေ့ရှိ လူကိုစိုက်ကြည့်ရင်း မေးလိုက်လျှင်..

"ဖုန်းနံပါတ်ပြောင်းလိုက်တာလား"

"အဲ့စကားပြောချင်လို့ အလုပ်အထိ
စုံစမ်းပြီး လိုက်လာတာလား"

"ကိုယ်ဆိုလိုချင်တာ ဒီစကားမဟုတ်မှန်း
မင်းသိမှာပါ"

" ဒါဆိုလဲ လိုရင်းကိုပြော
ကျွန်တော့်မှာအချိန်မရှိဘူး"

လက်ကောက်၀တ်ရှိ နာရီကို တစ်ချက်ကြည့်ရင်း
အလင်္ကာ ပြောလိုက်သည်။ အမှန်လဲအချိန်မရှိပေ။ အလုပ်ချိန်က နောက်ကျမှဆင်းသည့်အပြင် သူနေစေးအိမ်လဲ သွားရဦးမည်မို့။ 

ဒါ့အပြင် သူပုံမှန်နားနေကျ အချိန်ကို သိနေသူ
အရှုပ်ထုတ်လေးက သူအိမ်မရောက်သေးခင်
ဖုန်းဆက်လာမည်ကို ဆိုးသောကြောင့်။

အချိန်မှန်မှန်လူကို ဖုန်းဆက်တတ်သည့် အီသန်ကသူဖုန်းဆက်တဲ့ချိန် အလင်္ကာတိုက်ခန်းပြန်မရောက်သေးပါက တဇွတ်ထိုးလိုက်လာမည်ကိုပါသိနေသည့်အတွက်ဖြစ်သည်။

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now