[Uni]
Ep-1
In 2022
ယနေ့ခေတ်~'ဒါက အဆုံးသတ်လား..'
'အင်း ...ဒီစာအုပ်အတွက်တော့ ဒါကနိဂုံးပဲ..'
'ဒါဆို ...သူတို့နှစ်ဦး ဘယ်လိုသေသွားကြတယ်ဆိုတာကကော...'
'ဒီစာအုပ်ရဲ့အဆက် နောက်ထပ်စာအုပ်တစ်အုပ်ရှိသေးတယ်လို့ အကိုကြားဖူးတယ် ...ဒီရာဇဝင်ရဲ့တကယ့်နိဂုံးက အဲ့စာအုပ်ထဲမှာပါလိမ့်မယ်ထင်တယ်..'
'အဲ့စာအုပ်က ဘယ်မှာလဲ စီနီယာ..'
'အကိုလဲမသိဘူး....ပြောနေကြတာကတော့ စေတန်ဆီမှာရှိနေနိုင်တယ်တဲ့...'
'ဖြစ်နိုင်ခြေရှိတာတွေထဲကတစ်ခုပဲပေါ့...'
'ဒါနဲ့ မနက်ဖြန်ပဲ မှော်မြို့ကိုသွားမှာမဟုပ်လား ကင်ထယ်ယောင်း!!!..'
'ဟုပ်တယ် "မနက်ဖြန်!"
'တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား...မှော်မြို့ဆိုတာ... ငါတို့ဖတ်ထားတဲ့ရာဇဝင်ထဲကလို စည်ကားတဲ့မြို့တစ်မြို့မဟုပ်တော့ဘူး...ဆိုးလ် နဲ့ယှဉ်ရင် ကျေးလက်ရွာသာသာပဲ ရှိတာ...ပြီးတော့ခရီးကလဲကြမ်းတယ် မြို့ကလဲအရမ်းခေါင်တယ်ထယ်ယောင်း..အကိုတော့မင်းကိုစိတ်မချဘူး...'
'စီနီယာ RM ကျွန်တော့်ကိုစိတ်ပူတယ်ဆိုတာနားလည်ပါတယ်..ဒါမဲ့..ရေသောက်ချင်ရင် ရေရှိတဲ့နေရာသွားရတယ်မလား..အဲ့လိုပဲ..ကျွန်တော့်လိုချင်တဲ့အဖြေရဖို့...အဖြေရှိတဲ့နေရာကိုသွားဖို့ဆုံးဖြတ်လိုက်တာပါ..'
'ထယ်ယောင်းကို အကိုယုံပါတယ်...ထယ်ယောင်းကအမြဲအကောင်းဆုံးလုပ်နိုင်ခဲ့တာ အကို့မျက်မြင်ပဲ..ဒါမဲ့အကိုစိတ်ပူတာက..ထယ်ယောင်းကစိတ်ကသာမာတာ လူကပျော့တယ်..အရင်လို အိပ်မက်တွေပြန်မက်ရင် ဘယ်လိုလုပ်မလဲ...'
'အိပ်မက်တွေကတော့ ညတိုင်းလိုလိုမက်နေတာပါပဲ စီနီယာရယ်...အခုရက်ပိုင်း မှော်မြို့ကိုသွားဖို့စီစဉ်ဆွဲနေတော့ ကျွန်တော့်အိပ်မက်တွေက ပိုပြီးမြင်သာလာသလိုပဲ...ကျွန်တော့်စိတ်ထင် မှော်မြို့မှာ ကျွန်တော်လိုချင်တဲ့အဖြေရှိကိုရှိရမယ်...'
'အကိုက ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်...'
'ကျေးဇူးပါ...စီနီယာ...ပြသနာတွေကို အဆုံးသတ်ချင်ရင် ပြသနာတွေရဲ့စတင်ရာနေရာကနေ စရှင်းတာက အလွယ်ကူဆုံးဖြစ်မှာပါ...'
YOU ARE READING
-Destiny Controller-[Season-2]
Romance[Uni & Zawgyi] [ Completed ✅] Season-1 ဖတ်ပြီးမှဖတ်ရန် အကြံပြုပါသည်။🤍 လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကအဖြစ်အပျက်တွေက..အခုထက်ထိနှိပ်စက်နေတုန်း။ပင်ပန်းနေတာမှန်ပေမဲ့ရပ်တန့်လိုက်ဖို့ကျပြန်တော့လဲ ကျွန်တော်မပြတ်သားနိုင်ပါ။ ကင်မ်ထယ်ယောင်း☀️ ဂျွန်ဂျောင်ဂု...