[Uni]
Ep-12
'မင်းတို့ကောင်တွေ ငါ့အဖိုးကြီးကိုဖယ်ပြီးRoနေကြတယ်ပေါ့လေ..'
'ဟာ..baby..'
'Jimin!'
'ဟာ..ဘာကြောင်ကြည့်နေတာလဲအဖိုးကြီး..အခုbabyကိုပြေးဖက်တော့လေ...'
'Baby!'
Yoongi လိုရေခဲတုန်းကြီးလဲ အသည်းနဲ့ပါဆိုသလို..Jimin အားငိုသံလေးဖြင့်ပြေးဖက်သည်။နှစ်ဦးသားက အလုပ်အကိုင်တွေမတူကြတော့...တစ်ယောက်နဲ့တစ်ယောက်သိပ်မတွေ့ဖြစ်ကြပါ။ ဖုန်းနဲ့သာအဆက်အသွယ်လုပ်ဖြစ်တာများသည်။ကောင်းတဲ့အချက််က ပိုပြီးအလွမ်းသယ်လို့ရတာပေါ့။
'Babyကိုလွမ်းနေတာ..'
'အပိုတွေ...ကားဂိတ်မှာ လာတောင်မကြိုဘဲနဲ့..'
'ကို JKနဲ့ထယ်ယောင်းကိုစောင့်ပေးနေရလို့ပါ..သိတယ်မလားအဲ့အတွဲကစိတ်မမှန်ဘူး..'
'အကုန်ကြားနေရတယ်နော် Hyung!'
'ကြားရင်ကြားတယ်မှတ်JKရေ..'
'ယောင်းငယ်...ငါ့ကိုမဖက်တော့ဘူးလား..'
'Jimin!'
ထိုအခါမှ ထယ်ယောင်းJimin အားပြေးဖက်တော့သည်။Jimin နဲ့ ထယ်ယောင်းက အသက်အရွယ်သိပ်မကွာပေမယ့် Jimin ကထယ်ယောင်းအား ကလေးတစ်ယောက်လိုပြုမူဆက်ဆံလေ့ရှိတော့...သူတို့နှစ်ယောက်ရဲ့ဆက််ဆံရေးကချစ်စရာကောင်းနေတတ်သည်။
'အိုက်ဂူး..ငါ့ယောင်းငယ်က..ငါ့ကိုအများကြီးလွမ်းနေတာပဲ..'
'ဟုပ်တယ်...ငါမင်းကိုအရမ်းလွမ်းနေတာJimin'
'ဟုပ်ပါပြီ...အလွမ်းသယ်တာနောက်မှ..ငါတို့မှလုပ်စရာတွေရှိသေးတယ်လေ..'
Jimin ရဲ့စကားကိုအားလုံးထောက်ခံလိုက်ကြပြီးဆွေးနွေးတိုင်ပင်ရန်..အိမ်ထဲဝင်ခဲ့ကြသည်။တစ်ထပ်တိုက်ပုလေးဖြစ်တဲ့ Yoongi ရဲ့အိမ်ဟာ လူလေးယောက်အတွက်လုံလောက်တဲ့ အကျယ်အဝန်းတော့မပေးနိုင်ပါ။
'အိမ်ကလဲကျဉ်းလိုက်တာအဖိုးကြီးရာ..ဘာလဲ?ကိုယ့်sizeနဲ့တိုင်းပြီး ဆောက်ထားတာလား'
'Babyနော်...သူကျဘယ်လောက်sizeကြီးတာကြလို့...'
'ဒီအဖိုးကြီးကတော့..'
BINABASA MO ANG
-Destiny Controller-[Season-2]
Romance[Uni & Zawgyi] [ Completed ✅] Season-1 ဖတ်ပြီးမှဖတ်ရန် အကြံပြုပါသည်။🤍 လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကအဖြစ်အပျက်တွေက..အခုထက်ထိနှိပ်စက်နေတုန်း။ပင်ပန်းနေတာမှန်ပေမဲ့ရပ်တန့်လိုက်ဖို့ကျပြန်တော့လဲ ကျွန်တော်မပြတ်သားနိုင်ပါ။ ကင်မ်ထယ်ယောင်း☀️ ဂျွန်ဂျောင်ဂု...