Ep-5

1K 142 14
                                    

[Uni]

Ep-5

'အဲ့တာ မတရားတာပဲ..ခင်ဗျားကျတော့သူငယ်ချင်းတွေနဲ့မုန့်သွားစားမယ်...ကျွန်တော်ကျတော့အိမ်မှာနေခဲ့ရမယ်ပေါ့..'

'မုန့်သွားစားမှာမဟုပ်ပဲ..မုန့်သွားပို့မှာလို့..ကိုယ်ရှင်းပြနေတယ်လေကွာ...'

'ဘာပဲဖြစ်ဖြစ်...'

မွေးနေ့ဖြစ်လို့ Jin Hyung တို့တပ်ရင်းမှာ မုန့်သွားဝေမယ်ဆိုပြီး ဂျောင်ဂုပြင်ဆင်နေသည်။ထယ်ယောင်းအား အိမ်မှာနေခဲ့ဖို့မှာပေမဲ့..လိုက်မယ်တကဲကဲလုပ်နေတာကြောင့်..ဖြောင့်ဖြနေရသည်။

'ဟိုမှာက..စမ်းသပ်ကိရိယာတွေများတယ်..အထူးသဖြင့်ဒီလိုတနင်္ဂနွေနေ့ဆို တပ်ရင်းမှာအလုပ်တအားရှုပ်တာ...ဟိုမှာမင်းသိတဲ့လူလဲရှိတာမဟုပ်ဘူး..နေခဲ့ပါကွာ...'

'ရတယ်လေ..ခင်ဗျားသွားကြည့်လိုက်...ခင်ဗျားမရှိတော့တာနဲ့..ကျွန်တော်လဲသွားချင်ရာသွားမှာပဲ..'

ကင်ထယ်ယောင်းပီသစွာဖြင့် ပြောစကားနားမထောင်ပြန်ပါ။ကျွန်တော့်ရဲ့အားနည်းချက်ကလဲ ဒီလိုပြန်မပြောနားမထောင်အစွာလေးကိုမှ ချစ်မိနေခြင်းဖြစ်သည်။ သက်ပြင်းကျယ်ကျယ်ချပြီးသာ အလျှော့ပေးရပြန်တော့မည်။

'ဟူးးကောင်းပါပြီဗျာ..လိုက်ခဲ့ပါ..'

'ဒီလိုမှပေါ့..အစကတည်းကခွင့်ပြုလိုက်ပြီးရော..အခုတော့လေကုန်ခံပြီးပြောနေရတယ််..'

'ကိုယ်မင်းကိုစိုးရိမ်လို့ပြောနေတယ်ဆိုတာ..နားမလည်ဘူးလား။....ဟင်?'

ကျွန်တော်ဝန်ခံပါတယ်။သူကျွန်တော့်ကို ချစ်တယ်လို့ဝန်ခံပြီးနောက်ပိုင်း..သူ့အပေါ်အနိုင်ယူချင်လာသလိုပဲ..ချစ်မှန်းသိလို့ဆိုးတာ...ချော့မယ်မှန်းသိလို့ကောက်တာ..ဒါကသဘာဝကျပါတယ်။သို့သော် ဒီလိုပျော့ညံ့ညံ့ ကလေးအထာတွေသုံးနေရတာ..ကင်မ်ထယ်ယောင်းရဲ့စတိုင်မှမဟုပ်ပဲ။...သူနဲ့ထိတွေ့တဲ့အခါတိုင်း..အလိုလိုကလေးဆန်သွားတတ်တဲ့ကိုယ့်စိတ်ကိုယ် နားမလည်နိုင်ဘူး။သို့ပေမယ့် ကျွန်တော်ပျော်တယ်...သူတစ်ခါအလျှော့ပေးတိုင်း..ပါးလေးတွေ့မို့တက်သွားအောင်ရီမိတဲ့အထိကျွန်တော်ပျော်တယ်။

-Destiny Controller-[Season-2]Tempat cerita menjadi hidup. Temukan sekarang