Ep-11

1K 127 18
                                    

[Uni]

Ep-11

စံအိမ်တော်တွင်~

'ဒီသတင်းကဘယ်လိုဖြစ်ရတာလဲဂျောင်ဂု...'

'ဒါကတစ်နေ့ကြရင်ဖြစ်လာမဲ့ကိစ္စတွေပဲလေ..အခုကစောဖြစ်သွားရုံပါ..'

သတင်းကိုသူကိုယ်တိုင်ဖွခဲ့ပြီး အခုသူကိုယ်တိုင်တာဝန်မယူတဲ့အချိုးမျိုးဖြင့်။

'အဲ့လိုဆိုရင်တောင် ကျွန်တော့်ကိုအသိပေးပြီးမှစီစဉ်သင့်တယ်လေ...အခုတော့အားလုံးစိုးရိမ်စရာအခြေအနေတွေဖြစ်ကုန်ပြီ...ကျွန်တော့်မိဘတွေလဲ ဖုန်းတွေဆက်တိုက်ခေါ်ပြီး စိတ်ပူနေကြတယ်..'

'ကိုယ်မရည်ရွယ်ပါဘူး...'

'တော်ပြီ...ဒီသတင်းကိုခုချက်ချင်း အမြန်ပြန်တားပေးပါ...'

'ဘာတွေအဲ့လောက်တောင်စိတ်ပူနေရတာလဲ...အခုဆို..တစ်နိုင်ငံလုံးသိပြီးလောက်ရောပေါ့..'

'ကျွန်တော်ခင်ဗျားနဲ့ရန်မဖြစ်ချင်ဘူး..အခုချက်ချင်းသတင်းတွေကိုတားပေးပါ...'

'ယောင်း!!? ကိုယ်ကမင်းချစ်သူနော်..ကိုယ့်မှာအဲ့လောက်လေးတောင်လုပ်ပိုင်ခွင့်မရှိဘူးလား..'

'ခင်ဗျားကိုကျွန်တော့်ချစ်သူလို့မပြောဖူးဖူး...ဒီအတိုင်းဂျောင်ဂုဆိုတဲ့အသိနဲ့ အားနာနေခဲ့ရုံ..'

'ကိုယ်ကဂျောင်ဂုပဲလေ...မင်းချစ်တယ်ဆိုတဲ့ဂျောင်ဂုလေ..'

'ဒါဆိုခင်ဗျားပြော -Destiny Controller-book1ရဲ့စာမျက်နှာ၄၀၀အတိမှာ နောက်ဆုံးစာမျက်နှာနှစ်ရွက်က ဘာလို့ပျောက်နေတာလဲ..ဘာလို့၃၉၈ရွက်ပဲရှိနေရတာလဲ'

ထယ်ယောင်းမျက်စိရှေ့ရှိ ဂျောင်ဂုဆိုသူက မဲ့ပြုံးတစ်ချက်ပြုံးသည်။

'ဒါကဒီအတိုင်း..နှစ်တွေကြာသွားလို့ပျက်စီးသွားတာဖြစ်မှာပေါ့...'

'ကျွန်တော်ကအခြားလူမဟုပ််ဘူး... သမိုင်းပညာရှင် ကင်မ်ထယ်ယောင်းပါ..-Destiny Controller-စာအုပ်ရဲ့သမိုင်းကို ကျွန်တော်အသေးစိတ်ကအစစုံစမ်းထားပြီးသား..'

'ဒါဆိုဘာလို့ကိုယ့်ကိုလာမေးနေတာလဲ..'

'စာအုပ်က နတ်ဘုရားကင်မ်ထယ်ယောင်းကိုယ်တိုင်ဖန်တီးခဲ့တာ...မှော်ဝင်တယ်...စာအုပ်ထဲကအကြောင်းအရာတွေကို သာမန်လူတစ်ယောက်အနေနဲ့ဖျက်စီးလို့မရဘူး..ထိုစာအုပ်နဲ့သက်ဆိုင်သူကသာ..ဖျက်ဆီးနိုင်တာလေ..အဲ့တော့ ဖြစ်နိုင်တာကဒီသမိုင်းကိုဖျက်ဆီးချင်နေတဲ့  လူတစ်ယောက်လက်ချက်ပဲပေါ့..'

-Destiny Controller-[Season-2]Tempat cerita menjadi hidup. Temukan sekarang