Ep-6

1K 140 19
                                    

[Uni]

Ep-6

မြန်ဆန်လွန်းတဲ့အခြေအနေတွေကြောင့် ကျွန်တော်ကိုယ်တိုင်ငြိမ်သက်နေမိသည်။ သတိထားမိချိန်မှာတော့ ကျွန်တော့်ကိုအပြည့်အဝကာကွယ်ပေးထားတဲ့ သူ့ရဲ့ ရင်ခွင်ထဲမှာရောက်နေခဲ့သည်။ဗုံးက ဘာကြောင့်ထပေါက်ကွဲမှန်းကျွန်တော်မသိဘူး။ ကျွန်တော်သိတာက အကြောက်တရားပဲ။

ပေါက်ကွဲသံတိတ်ဆိတ်သွားပြီးတဲ့နောက်..ကျွန်တော်တို့ဆီပြေးလာနေတဲ့ လူတွေရဲ့ခြေသံတွေကိုသာ ကြားနေရသည်။ ဘေးကဝိုင်းဝန်းထူပေးကြတော့ ကျွန်တော်ထလာခဲ့တယ်။JK! သူကတော့လှဲလျောင်းနေဆဲ။

'JK!!!!'

'ဟေ့ရောင်JK!'

ကျွန်တော်လိုသူ့ကိုစိတ်ပူပေးမယ့်သူတွေကလဲ အများသားပါလား။တစ်ယောက်တစ်ပေါက် သူ့နာမည်ကိုငြီးကာ စိုးရိမ်ကြီးစွာပြောနေကြသည်။မှိတ်လုဆဲဆဲ..သူ့မျက်ဝန်းအစုံကတော့ ကျွန်တော့်ကိုကြည့်နေတုန်း။ ကျွန်တော်ခနတာအသိစိတ်လွတ်သွားခဲ့တယ်။

'ခင်ဗျားအဆင်ပြေရဲ့လား...'

တိုးညင်းစွာထွက်ပေါ်လာတဲ့ ကျွန်တော့်ရဲ့စကားသာ။ လူအုပ်ကြီးကြား ကျွန်တော့်ရဲ့စကားသံတိုးတိုးက တိုးပေါက်ပါ့မလားမသိပေမဲ့..ကျွန်တော့်ရဲ့ စိုးရိမ်မှုကိုပြဖို့ ဒီစကားတစ်ခွန်းနဲ့တင်လုံလောက်တယ်ဆိုတာ..ခင်ဗျားမြင်နိုင်ရင်သိပါလိမ့်မယ်။

ကြက်ခြေနီအသင်းရောက်လာပြီး...သူ့အားလူနာတင်ခုတင်ပေါ်တင်ကာ..ဆေးရုံခေါ်သွားဖို့ပြင်နေကြတယ်။ တုံဆိုင်းနေဆဲခြေထောက်တို့က လှုပ်တုပ်မှမလှုပ် ။ အရင်တစ်ခါကဒီလိုအချိန်မှာ JKက 'ကိုယ်ရှိတယ်  အဆင်ပြေတယ်နော်'ဆိုပြီးရင်ခွင်ထဲထည့်နှစ်သိမ့်ရှာတာ။ အမှန်တော့ကျွန်တော်အခု သူ့ကိုလိုအပ်တယ်။

'ကျွန်တော်...ကျွန်တော်ကောလိုက်ပါရစေ...'

'လာလေ..ထယ်ယောင်း..မြန်မြန်..'

လူနာတင်ရင်ပေါ်က Jin Hyung ကလှမ်းခေါ်တယ်။ ဒီအချိန်မှာ ခြေလှမ်းတစ်လှမ်းကလည်း ကျွန်တော့်အတွက်ခက်ခဲနေခဲ့တာ..

'ဟင့်အင်း...Hyung တို့ပဲသွားလိုက်ပါ...ကျွန်တော်နောက်ကလိုက်ခဲ့မယ်..'

-Destiny Controller-[Season-2]Where stories live. Discover now