Ep-8

956 134 19
                                    

[Uni]

Ep-8

'ဒီကိုအပြင်လူဝင်ခွင့်မရှိဘူး..ဘာကိစ္စလဲပြောပါ..သူဌေးဆီဆက်သွယ်ပေးပါ့မယ်..'

'ဒီနေရာမှာ ရှေးဟောင်းစာအုပ်အမွေအနှစ်တော်တော်များများစုဆောင််းထားတယ်လို့သိရလို့ပါ..အများပိုင်နေရာမဟုပ်လို့..ဒီအတိုင်းဝင်ကြည့်လို့မရဘူးဆိုတာသိပေမယ့်..ကျွန်တော့်စာတန်းအတွက်အရေးတကြီးလိုအပ်နေလို့ပိုင်ရှင်နဲ့စကားပြောလို့ရမလားခင်ဗျ..ခွင့်ပြုမယ်ဆိုရင်ပေါ့..'

JKကိုမနက်စာပြင်ပေး ၊ဆေးတိုက်ပြီးနောက် အိပ်ရေးပျက်မှာစိုးလို့ထပ်အိပ်ခိုင်းလိုက်သည်။
ကျွန်တော်ကတော့ မနေ့ကJimin ပြောတဲ့လိပ်စာအတိုင်းမေးမြန်းပြီး ဒီကိုရောက်လာခဲ့တယ်။တည်နေရာကိုတော့ အတည်တကျမပြောပြတတ်ပေမဲ့..ဒီနေရာကအဆင့်အတန်းမြင့်တဲ့နေရာဆိုတာတော့သေချာသည်။အဆောင်အယောင်ကြီးကြီးနဲ့ နန်းတော်သဖွယ်ထင်ရနဲ့ စံအိမ်ကြီးနားရောက်မှ အစောင့်နှစ်ယောက်ကိုအကျိုးအကြောင်းပြောပြမိသည်။ဒီအိမ်ရဲ့အရှိန်အဝါက ကြောက်ဖို့ကောင်းပေမယ့်..ကျွန်တော်လိုချင်တဲ့အချက်အလက်တွေက ဒီအိမ်ရဲ့စာကြည့်တိုက်ထဲမှာ ရှိနိုင်တာဖြစ်လို့..စိတ်အားထက်သန်နေမိတယ်။

'ကျွန်တော်တို့ခေါင်းဆောင်က..အလုပ်များတယ်..သို့ပေမယ့်ကျွန်တော်ခွင့်တောင်းကြည့်ပေးပါမယ်..'

'ကျေးဇူးပါ..'

အိမ်တော်ခြံဝမှာ ထယ်ယောင်းတစ်ယောက်ထဲရပ်နေရတာက ကျောချမ်းစရာ..စံအိမ်တော်ကြီးကကြီးကျယ်ပြီး ရွှေရောင်တဝင်းဝင်းတောက်ပနေပေမဲ့ လူပြတ်ပြီးချောင်ကျတဲ့နေရာမှာတည်ရှိတာမို့  အထိတ်တလန့်ရှိနေသည်။

ခနကြာတော့စံအိမ်တော်မှ ထိုအစောင့်ပြန်ထွက်လာသည်။ သတင်းကောင်းဖြစ်ပါစေလို့ ထယ်ယောင်းတတ်တဆိတ်ဆုတောင်းနေမိသေး၏။

'ညီလေးက..ကင်ထယ်ယောင်းဆိုသူလားမသိဘူးခင်ဗျ..'

ချက်ချင်းလေသံတွေပြောင်းသွားသောထိုအစောင့်အား..ထယ်ယောင်းနားမလည်..။မေးခွန်းကို ခေါင်းငြိမ့်ပြပြီးသာပြန်ဖြေလိုက်သည်။

-Destiny Controller-[Season-2]Where stories live. Discover now