Ep-2

1.2K 153 16
                                    

[Uni]

Ep-2

မှော်မြို့လေးကိုအခြေချလိုက်တာနဲ့ရင်းနှီးတဲ့ခံစားချက်တစ်ချို့ကိုခံစားမိတယ်။ပထမဆုံးရောက်ဖူးတာမှန်ပေမဲ့ အတော်လေးကို တစ်ရင်းတစ်နည်းရှိနေတဲ့ခံစားချက်မျိုးနဲ့..ဖော်ပြဖို့ရာကျပြန်တော့..ခက်ခဲနေပြန်သည်။ဟင်း...ကျွန်တော််ကြိုးစားမှာပါ..ကျွန်တော်လိုချင်တဲ့အဖြေက ကျွန်တော့်အနီးနားတစ်ဝိုက်မှာတင်ရှိနေတယ်ဆိုတာကို ခံစားလို့ရနေလို့လေ.. တစ်ချို့အရာတွေက အချိန်ယူရတယ် ဖြစ်ချိန်တန်မှဖြစ်တာတဲ့..ကျွန်တော်ဒီမြို့မှာအတော် ကြာလေ့လာပြီး...စောင့်ကြည့်ပါအုံးမယ်။

RM စီနီယာက Jin Hyung ဆိုတဲ့သူငယ်ချင်းဆီမှာ ကျွန်တော့်အတွက်အခန်းစီစဉ်ပေးဖို့ပြောထားတယ်တဲ့..ဒီမြို့က နန်းအမွေအနှစ်တွေထိန်းသိမ်းထားတာမို့ တိုးတက်နေတာမျိုးသိပ်မတွေ့ရဘူး။ဟိုတယ်တွေ ၊အဆင့်မြင့်စားသောက်ဆိုင်တွေကလဲ တကယ့်ကိုရှားသည်။ ဒါတွေကိုကြိုသိတဲ့ စီနီယာက အစစအရာရာစီစဉ်ပေးခဲ့တာမို့ ကျွန်တော့်မှာ အဲ့အတွက်မပူပင်ရတော့ဘူးပေါ့..ပြန်တွေ့မှ ကျေးဇူးတင်စကားတစ်ဝကြီးပြောရအုံးမည်။

စစ်သားတစ်ယောက်က ကျွန်တော်နေရမဲ့အခန်းရှေ့ထိလိုက်ပို့ပေးသည်လေ။အခန်းသော့ပေးထားခဲ့ပြီး..သက်တောင့်သက်သာနေဖို့မှာကာ ပြန်ထွက်သွားသည်။တွေးမိတာက ဒီကလူတွေကတစ်ကယ်ကိုသဘောကောင်းကြတာပဲ...

စစ်တပ်နဲ့ အနည်းငယ်လှမ်းတဲ့ အိမ်တစ်အိမ်ပဲ..အိမ်ပုံစံကြည့်ရတာ..တပ်ရင်းကိုလာရောက်စစ်ဆေးသူတွေအတွက် ပြင်ဆင်ပေးထားတဲ့အခန်းတစ်ခန်းဖြစ်မည်။ကျွန်တော်က အစိုးရအသိအမှန်ပြု သမိုင်းပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ဒီလိုနေရာမှာတဲခွင့်ရဖို့က ကျွန်တော့်ဓာတ်ပုံပါတဲ့ ကတ်ပြားတစ်ခုသာလိုအပ်ပါသည်။

အခန်းလေးက သားသားနားနားကြီးမဟုပ်ပေမဲ့ သက်တောင့်သက်သာရှိမဲ့ပုံပါပဲ။ပရိဘောဂတွေလဲ သေသေသပ်သပ်ရှိပြီး သန့်ရှင်းနေပုံထောက်ရင်ကျွန်တော်မလာခင် ကြိုပြီးသန့်ရှင်းရေးလုပ်ထားပေးကြတာဖြစ်နိုင်သည်။ အဝတ်တစ်ထည်ကိုယ်တစ်ခုမို့ ဘာမှကြီးအထူးတစ်လှယ်ပြင်ဆင်နေစရာမလိုတဲ့ကျွန်တော်က ကျောပိုးအိတ်ကိုသာ ဘေးချပြီး အင်္ကျီအဖေါ်ဖုံးကို ချွတ်ကာ အသင့်ခင်းထားပေးတဲ့ အိပ်ရာပေါ်ပစ်လှဲမိသည်။ဒီနေ့အတွက်တော့ စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့လေပြီ...

-Destiny Controller-[Season-2]Donde viven las historias. Descúbrelo ahora