Ep-4

1.1K 141 7
                                    

[Uni]

Ep-4

'ဂျောင်ဂု!!!!!!'

ဒီနေ့လဲထပ်ပြီးမက်တယ်...ဂျောင်ဂုဆိုတဲ့နာမည်ကိုကယောင်ကတမ်းအော်ခေါ်ပြီးနိုးထခဲ့ရတဲ့နေ့ရက်တွေလဲမနည်းဘူး...အိပ်မက်ယောင်ပြီးလန့်နိုးလာခဲ့တဲ့အခါ ဂျောင်ဂုသာကျွန်တော့်ဘေးမှာရှိနေမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ...

'မင်းအိပ်မက်တွေထပ်မက်နေပြန်ပြီ...'

ကျွန်တော် ဂျောင်ဂုကိုတမ်းတလိုက်တိုင်း...ကျွန်တော့်ဘေးမှာအမှန်တကယ်ရှိနေတဲ့သူက..JKပဲဖြစ်နေခဲ့တယ်။

'တောင်းပန်ပါတယ်...ကျွန်တော့်ကြောင့်ခင်ဗျားထပ်ပြီးအိပ်ရေးပျက်ရပြီ...'

'မင်းအိပ်မက်တွေအကြောင်း ကိုယ့်ကိုပြောပြချင်လား'

'အိပ်မက်တွေကပိုပြီးတိကျလာတယ်...အဲ့တာကပဲကျွန်တော့်ကိုပိုပြီးပင်ပန်းစေတာ...'

'ကိုယ်တောင်းပန်ပါတယ်..ဘာမှမလုပ်ပေးနိုင်လို့..'

'ရပါတယ်...ခင်ဗျားအမှားမှမဟုပ်ပဲ...ကျွန်တော်ကသာ မှားယွင်းနေတာဖြစ်ပါလိမ့်မယ်...အိပ်မက်တွေကပေးတဲ့သဲလွန်စနောက်ကို ပိုပြီးအားစိုက်ရှာဖွေနေတာက ကျွန်တော့်ကိုပင်ပန်းစေတာပဲ...'

'မင်းတစ်ခါလောက်ဖြစ်ဖြစ်...အဲ့အိပ်မက်တွေနောက်မလိုက်ပဲနေကြည့်ပါလား...အခုထိ ရှာဖွေလေဝေးကွာလေဖြစ်နေခဲ့တာဆို...အဲ့အရာကအစစ်အမှန်သာဖြစ်ခဲ့ရင််...မင်းဆီကိုအမှန်တရားကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်...အပင်ပန်းခံပြီးရှာဖွေမနေပါနဲ့...'

'ကျွန်တော်ကြိုးစားကြည့်ပါ့မယ်...'

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကအဖြစ်အပျက်တွေက..အခုထက်ထိနှိပ်စက်နေတုန်း။ကျွန်တော်ကသာ နတ်ဘုရားကင်မ်ထယ်​ယောင်းဝင်စားသူအစစ်ဖြစ်ခဲ့ရင််..အတိတ်တွေအကုန်လုံးကိုမှတ်မိနေသင့်တယ်မဟုပ်လား...ဂျွန်ဂျောင်ဂုဆိုတဲ့ကျွန်တော့်ရဲ့ဖူးစားရှင်ဆိုတာကရော...ဘာလို့ခုချိန်ထိရှာမတွေ့နိုင်သေးရတာလဲ..ကျွန်တော်ကတော့ရှာဖွေနေပေမဲ့..သူကရောအခြားတစ်ယောက်နဲ့များအတူတူရှိနေမှာလား...နှစ်ပေါင်းတစ်ရာကျော်က အတိတ်ဘဝကိုသူကိုယ်တိုင်ကကောမှတ်မိမှာတဲ့လား...စဉ်းစားကြည့်လေနက်နဲလေ..ပင်ပန်းနေတာမှန်ပေမဲ့ရပ်တန့်လိုက်ဖို့ကျပြန်တော့လဲ ကျွန်တော်မပြတ်သားနိုင်ပါ။

-Destiny Controller-[Season-2]Where stories live. Discover now