Ep-3

1.1K 147 25
                                    

[Uni]

Ep-3

'ဒါကကန့်သတ်နယ်မြေလေကွာ..'

'ဒါဆိုဒီအထိရောက်လာပြီးမှ..ဘားမှမလုပ်ပဲပြန်သွားရမှာလား...'

'အစောင့်တွေရှိနေတာကို ဘာလုပ်လို့ရမှာလဲ..'

နတ်ဘုရားကင်မ်ထယ်ယောင်းရဲ့မှော်တဲ။နှစ်ပေါင်းတစ်ရာကျော်ကြာခဲ့ပေမဲ့..ခုထိမပျက်မစီးမယိုမယွင်းပဲ အကောင်းတိုင်းရှိနေဆဲ...လူတွေတည်ဆောက်ခဲ့တာမဟုပ်ဘူး..နတ်ဘုရားကိုယ်တိုင်တည်ဆောက်ခဲ့သည်မလား။

မှော်မြို့ရဲ့ သမိုင်းဝင်နယ်မြေတွေအားလုံးကို အစိုးရမှ ကန့်သတ်ထားသည်။ထိုထဲတွင် နတ်ဘုရားကင်မ်ရဲ့ မှော်တဲ့ကလဲအပါအဝင်ပေ။
လေ့လာသုံးသပ် ကောက်ချက်ချပြီးမှ တွေးခေါ်စဉ်းစားရတဲ့ အလုပ်ကိုလုပ်ကိုင်နေတဲ့ ထယ်ယောင်းအတွက် ဒီလိုအပြင်ပိုင်းအပေါ်ယံကိုသာကြည့်ပြီး စာတမ်းပြုစုရမယ်ဆိုတာ အဓိပ္ပာယ်လုံးဝမရှိပါ။ အစောင့်တွေရှိလို့ တဲထဲမဝင်ဖို့ပြောနေတဲ့ ဂျောင်ဂုနဲ့ တဲထဲကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရအောင်ဝင်မည်ဟု ဆုံးဖြတ်ထားတဲ့ထယ်ယောင်း။သူတို့အတွက် ရန်ပွဲကစီးကြိုနေသည်။

'အစောင့်တွေက ဟိုဘက်အခြမ်းမှာရှိနေတာပါ..ဒီဘက်ကနေတိတ်တိတ်လေးခိုးဝင်ရအောင်.'

'မမိရင်တော့ကိစ္စမရှိပေမဲ့..မိသွားခဲ့ရင် ရှင်းမလွယ်လောက်ဘူးနော်..'

'ဗလကြီးနဲ့လူက ကြောက်နေတာလား...နေချင်နေခဲ့ ကျွန်တော်တစ်ယောက်ထဲသွားမယ်..'

တစ်ယောက်ထဲလွတ်လိုက်ဖို့ကမဖြစ်နိုင်တဲ့ကိစ္စပါ...စိတ်ပူရသည်မလား...ဘယ်လိုပြောပြောစကားနားထောင်မဲ့ပုံလဲမပေါ်တော့.ကျွန်တော်ပဲအလျှော့ပေးလိုက်ရမလား..ဂျောင်ဂုအသည်းအသန်စဉ်းစားခန်းဖွင့်ရတော့သည်။

'ကိုယ်ကကိစ္စမရှိပေမဲ့ မင်းကနာမည်ကျော်သမိုင်းပညာရှင် ကင်ထယ်ယောင်းနော်...'

'ကျွန်တော်က ကန့်သတ်ထားတဲ့သင်္ချီုင်းဂူတွေကို လိုက်ဖော်ရင်း နာမည်ကြီးလာတယ်ဆိုတာရောခင်ဗျားသိရဲ့လား...'မလုပ်ရ'လို့တံဆိပ်ကပ်ထားတာဟာ ကျွန်တော့်အတွက်တော့ပ 'လုပ်ပါ'လို့ပြောနေတာနဲ့အတူတူပဲ..'

-Destiny Controller-[Season-2]Where stories live. Discover now