Ep-14[Final]

1.9K 148 22
                                    

[Uni]

Ep-14
Final

'ဗျာ...ဆေးရုံကဆင်းသွားတယ်..'

'ဟုပ်ကဲ့ ဓါးဒဏ်ရာကသိပ်မနက်တာကြောင့် သေချာချုပ်ပေးပြီး ဆေးကုသမှုပေးခဲ့ပါတယ်...လူနာဘက်ကဆေးရုံဆင်းဖို့အတင်းတောင်းဆိုခဲ့တော့ ဆေးစစ်ချက်ပေးပြီး ခွင့်ပြုလိုက်ရတယ်'

'ဒါဆိုလူနာကဘယ်သွားမယ်ပြောသွားသေးလဲခင်ဗျ..'

'ဘားမှပြောသွားတာမရှိပါဘူး...ဒီစာလေးတော့ပေးသွားပါတယ်..'

Nurse ပေးတဲ့ စာတစ်စောင်ကို ထယ်ယောင်းလက်ခံပြီး..ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

မနေ့ကနေဒီနေ့အထိ စေတန်ရဲ့လုပ်ရပ်တိုင်းကထူးဆန်းသည်။ အဆုံးသတ်ပေးမယ်ပြောပြီး ရုတ်တရက် ကျွန်တော်နဲ့ဂျောင်ဂုရဲ့မင်္ဂလာပွဲကိုစီစဉ်ပေးသည်။ဓါးထိုးမှုကိစ္စမှာလည်း ဂျောင်ဂုအစားဝင်ခံပေးသည်။ အခုလည်းစာတစ်စောင်ချန်ထားပြီး လူကပျောက်သွားတယ်။စေတန်ရဲ့လှည့်ကွက်တွေပဲလား...စိတ်ရင်းအမှန်ပဲလား..မသေချာပေမယ့် ထယ်ယောင်းကတော့ စေတန်နဲ့ပတ်သတ်ပြီး ဘာသတင်းဆိုးကိုမှမကြားချင်တော့ပါ။လက်ထဲမှာရှိတဲ့ စာတစ်စောင်ကသတင်းကောင်းမဟုပ်ရင်တောင် သတင်းဆိုးမဖြစ်စေနဲ့ဟုဆုတောင်းနေမိသေးသည်။

'Jimin ငါ့အစားဒီစာကိုဖတ်ပေးပါလား..'

'ရတယ်လေ....'

ထယ်ယောင်းဒီစာကိုဖတ်ဖို့ အင်အားမရှိပါ။ဒါကြောင့် Jimin ကိုအကူအညီတောင်းပြီး​ဖတ်ခိုင်းသည်။

'ဂျောင်ဂု...'

'ဗျ..'

'ကျွန်တော့်ကိုဖက်ထားပေး...'

ထယ်ယောင်းပြောနေကြစကားတစ်ခွန်းပါ။ထယ်ယောင်းရဲ့မြတ်နိုးစရာကောင်းတဲ့အကျင့်တစ်ခု။

ဂျောင်ဂုလည်းရင်ခွင်ထဲမှာ ထယ်ယောင်းကိုထည့်ရင်း စာတစ်စောင်အားစောင့်နားထောင်နေမိသည်။

'ငါစဖတ်ပြီနော်.....[စာတစ်စောင်ထဲချန်ထားခဲ့ရလို့စိတ်မကောင်းပါဘူး.. ကိုယ့်အတ္တတွေကြောင့်အားလုံးကိုဒုက္ခအများကြီးပေးခဲ့မိတယ်..တောင်းပန်ပါတယ်...အခုကိုယ်မှားမှန်းသိလို့ အမှန်ပြင်နေတာမဟုပ်ဘူးနော်...ယောင်းကိုစိတ်ချမ်းသာစေချင်တဲ့စိတ်ကြောင့် အခုလိုတွေလုပ်နေခဲ့တာ..ကိုယ်အဓိကပြောချင်တာက ကိုယ့်ကိုလိုက်မရှာပါနဲ့..နောက်တစ်ကြိမ်ယောင်းကိုပြန်တွေ့ခဲ့မယ်ဆို ကိုယ်စိတ်ပြတ်နိုင်မှာမဟုပ်လို့ပြန်မတွေ့ပဲနေကြရအောင်....ကိုယ်လုပ်ပေးနိုင်တာအားလုံးလုပ်ပေးခဲ့ပြီးပြီ..ယောင်းလိုချင်တဲ့အဆုံးသတ်မှာ ကိုယ်ကဗီလိန်တစ်ယောက်အနေနဲ့ပဲပါဝင်ခွင့်ရလို့ စိတ်မကောင်းပေမဲ့..ဒါကကိုယ်နဲ့ထိုက်တန်ပါတယ်..အခုဒီစာကို ဂျောင်ဂုရောဖတ်နေမယ်ထင်တယ်...ထယ်ယောင်းကိုမင်းကိုယုံကြည်ပြီးအပ်ခဲ့တာမို့..သေချာစောင့်ရှောက်ပါ...ယောင်းမင်းကြောင့်ထိခိုက်မိရင်..ငါနောက်တစ်ကြိမ်မင်းကိုအလျှော့မပေးတော့ဘူးနော်]..'

-Destiny Controller-[Season-2]Donde viven las historias. Descúbrelo ahora