Unicode
အနက်ရောင် ဂျင်းတွေဝတ်လိုက်တိုင်း ...
မင်းက အရင်ထက် ပိုကြည့်ကောင်းသွားတတ်တယ်။
ငါ့ကို မမှီပေမယ့်လို့ပေါ့ ...အအေးဒဏ်ကို ကြံ့ကြံ့မခံနိုင်တဲ့ ကောင်လေး တစ်ယောက်က စီးကရက်တွေ သောက်ရတာကြိုက်တယ် ။
သူ့ကို ပြန်မချစ်လာသရွေ့မသေသွားပါဘူးလို့ လည်းမကြာခဏ ပြောတတ်သေးတာ ...ငယ်ငယ်က ဝါးရုံပင်လေးတွေကြားထဲ
ပြေးလွှားရင်း ရခဲ့ဖူးတဲ့ ဒဏ်ရာတွေက မင်းပေးတဲ့ဒဏ်ရာတွေလောက် မနက္နဲခဲ့ဘူး ။ပထမဆုံးအကြိမ် ငါ့နောက်ကနေ ဆိုင်ကယ်လိုက်စီးတုန်းက တုန်ရီနေတဲ့ မင်းပုံစံလေး ...
ဘယ်လောက်ပဲအချိန်တွေကြာသွားပါစေ ငါ့မျက်လုံးထဲမှာ ပြန်မြင်ယောင်နေမိတယ် ။ပင်လယ်ကြီး ဘယ်လောက်ပဲ
ကျယ်တယ်ပြောပြော ငါမင်းကိုချစ်တဲ့အချစ်တွေလောက္များ ကျယ်ပြန့်နိုင်ပါ့မလားလို့ ပြောတဲ့အခါ ...
မင်းမျက်ဝန်းထဲက မျက်ရည်တွေ ခမ်းခြောက်သွားပါစေလို့ နေထွက်တဲ့အရိပ်ကို မျက်နှာမူပြီး ဆုတောင်းလိုက်ချင်တယ် ။~ ~ ~
ငယ်ငယ်က ကျွန်တော်ဂျပန်မသွားခင်
အစ်ကိုနဲ့အတူ ဘောလုံးလာလာကန်နေတဲ့ အစ်ကို သေးသေးလေးက နှစ်တွေအကြာကြီးနေမှ ပြန်တွေ့တော့ ပိုတောင်မှ ချစ်ဖို့ကောင်းလာသေးတယ် ။သူက ကျွန်တော့်ကို ဟန်ဆောင်ပြီးတွဲဖို့ ပြောပေမယ့်လည်း ...
တကယ်သဘောကျမိတယ် အတည်တွဲချင်လောက်တဲ့ အထိ ~ ။" အချစ်ဦး "
ကျွန်တော့်တို့ တွေ့ဆုံခဲ့ခြင်းက ဘာရယ်တော့မဟုတ်ပါဘူး Mint choco ice cream လေးတစ်ခွက်ကို လူမှားပြီး ကျွေးခဲ့တာက စတင်ခဲ့တယ် ။ကျောင်းဝန်းထဲက ခုံတန်းအဖြူရောင်လေးကို နောက်တစ်ကြိမ် ပြန်ရောက်တော့ ...
အဲ့အချိန် သူကျွန်တော့်အနားမှာ ရှိမနေခဲ့တော့ဘူး ။♡︎ . ♡︎ . ♡︎ . ♡︎ . ♡︎
မင်းကတော့ ငယ်ငယ်ပြောခဲ့အတိုင်း
ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တာပဲ ။
ဂီတာ တစ်လုံးလွယ်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ ငါ့ထက်တော့ အဆပေါင်းများစွာ သာတယ်ပြောရမလား.... ။
YOU ARE READING
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
Romanceစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]