𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 « 26 » 🌟

1K 55 42
                                    

Unicode

" မိုးမစဲသွားသော ညတစ်ည ~ "

" ဟန်နာ " 

တောင့်တင်းအေးစက်လျှက်ရှိသော
ကျွန်တော့်ရဲ့လက်တွေက ဆောင်းဟွန်း၏ လက်ချောင်းများကြားမှ လွတ်ထွက်လုနီးနီးပင် ။
တကယ်ဆို သူက ကြားလူမဟုတ်လား ....
အဝေးကိုထွက်သွားပေးရမယ့်သူလည်း ဖြစ်နိုင်တာပဲ ။
ဆောင်းဟွန်းက ကလေးမှမဟုတ်တာလေ ....
ဒါကြောင့် ကျွန်တော်သူ့လက်ကို လွှတ်လိုက်တယ် ။
အဝေးကိုထွက်သွားပေးဖို့တော့ မဟုတ်ဘူး ...
သူ့ကြောင့် ဆောင်းဟွန်း ချမ်းစိမ့်စိမ့် မိုးရေထဲမှာ
ချွေးတစ်ပေါက္မကျလာစေချင်ရုံပါ ။ 

သို့သော် ....

" ဟန်နာ ဒီကိုရောက်လာတာ ကျွန်တော့်ကို တခုခုပြောချင်တာများ ရှိလို့လား "

ထိုစကားနှင့်အတူ ရှေ့တစ်လှမ်းတိုးနှင့်ပြီးသော သူ၏ လက်ကို ဖမ်းဆုပ်လျှက် ... ရာသီဥတုသည်လည်း အေးစိမ့်စိမ့် ။ လက်ဖျားတွေကလည်း စိတ်လှုပ်ရှားနေသည်ကြောင့်ပင် အေးစက်စက် ။
သည် အ​ခြေအနေတစ်ရပ်လုံးအား ဆန့်ကျင်နေ
သည့် အရာဟာ အနွေးထွေးဆုံးလက်တစ်စုံသာ။
တစ်ပြိုင်တည်း ဂျယ်ယွန်း၏ နှလုံးသားတစ်ခုလုံးအခ​​ကြေးငွေမပါပဲ ဆောင်းဟွန်းထံသို့ သိမ်း သွင်း ဖျားယောင်းခံလိုက်ရသလို .....  ။

အချစ်က ချစ်ကြည့်မှ သိပ်ကို တန်ဖိုးကြီးမှန်း သိစေတာ ....

" ကျွန်တော်တို့နှစ်ယောက်အကြောင်းလည်း အခုလောက်ဆို ဟန်နာ သိလောက်ပါပြီ ... "

" ကျွန်တော့်မှာ ဖြေရှင်းစရာစကားမရှိပါဘူး
ဟန်နာ စေ့စပ်ပွဲဖျက်လိုက်တာကိုလည်း ဟန်နာ့သဘောအတိုင်းသာ ဆောင်ရွက်ပါ "

" ဟန်နာ ဟွန်းနဲ့နှစ်ယောက်တည်း စကားခဏပြောလို့ရမလား ... ဒါ နောက်ဆုံးတောင်းဆိုမှုပါ "

ဟန်နာ့ကို ခေါင်းညိမ့်ပြဖို့ကလည်း အခက် ။
တစ်ဖက္မှာလည်း မိဘမျက်နှာရှိနေသေးတယ် ။ တစ်ဖက္မှာလည်း ကျွန်တော့်မျက်နှာကြောင့် ငဲ့နေရှာတဲ့ ဆောင်းဟွန်းနေရာက စဥ္းစားကြည့်ရင် ခေါင်းခဲချင်စရာ ... ။ ဝေခွဲမရ ဖြစ်နေသည့်
ဆောင်းဟွန်းရဲ့လက်ကို အဆုံးမှာ ကျွန်တော်အလိုက်သင့်လေး လွှတ်ပေးလိုက်တော့တယ် ။

You've reached the end of published parts.

⏰ Last updated: Aug 07, 2022 ⏰

Add this story to your Library to get notified about new parts!

𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]Where stories live. Discover now