𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 « 20 »

479 62 111
                                    

Unicode

" အခန်းငယ်လေးထဲမှ ပိုင်ရှင်မဲ့ စန္ဒယားလေး" ~

" ဆောင်းဟွန်း ငါ့ကို အိမ်ထဲဝင်ဖို့ လာမကူပေးတော့ဘူးလား ... "


လက်ထဲက ဇွန်းပြားကြီးကိုဖြင့် မချရသေး
ဂျယ်ယွန်းကို မြင်ချင်ဇောနဲ့ ဟင်းအိုးတည်နေရင်း ထွက်လာတဲ့ ဆောင်းဟွန်းရဲ့ပုံစံက အူကြောင်ကြောင်နှင့် မလှုပ်မယှက် ... ။

မတွဲချင် တွဲချင်နှင့် ဂျယ်ယွန်းအား
လာတွဲပေးပြီးနောက္မျက်နှာချင်းပင် မဆိုင်တော့ ။ အနီးကပ်ကြည့်လျှင် မျက်စိကြိမ်းလောက်အောင် ထင်းနေသည့် မျက်ခုံးပြန့်ပြန့်လေးတွေဟာ ကောက်ကွေ့နေလျက် ...၊ ကလေးကြီးတစ်ယောက်လို ဆူပုတ်ပုတ် မျက်နှာထားက ဂျယ်ယွန်းအတွက်တော့ သေလောက်တယ် ။

" ကိုယ်သွားတော့မယ်နော် ဂျယ်ယွန်း "

" အင်း ကောင်းကောင်းသွား ... "

" အော် .. ကိုယ်ပြောဖို့မေ့နေတာ ဒီက ဂျယ်ယွန်းနဲ့အတူနေတဲ့သူငယ်ချင်းမှတ်လား "
ဂျယ်ယွန်းဘေးက ဆောင်းဟွန်းကို မျက်စပစ်ကာ​ခနဲ့ လိုက်သည်။

" ....... "
သို့ရာတွင် ဆောင်းဟွန်းကတော့
ဘာမှပြန်မပြော ။

" ဂျယ်ယွန်းကို ကောင်းကောင်း ဂရုစိုက်ပေးပါအုံး bro "

ခပ်ကြောင်ကြောင်နှင့် ခေါင်းစွပ်အမြဲဝတ်ထား
တဲ့လူတစ်ယောက် ခပ်ဝေးဝေးရောက်သွားပြီဆိုတော့မှ ဆောင်းဟွန်းတင်းထားသည့် စိတ်ကို လျှော့ချနိုင်သည် ။ အိမ်ထဲရောက်တဲ့ အထိတော့
ဂျယ်ယွန်းကို စကားမပြောခဲ့ ။
ဆိုဖာပေါ်ထိ ဖြေးဖြေးသက်သာ ချပေးသွားတာကိုပဲ ကျေးဇူးတင်ရမည့် သဘောရှိသည် ။

" ဆောင်းဟွန်း "
လှည့်ထွက်သွားသည့် ဆောင်းဟွန်းကို အခေါ်
ရှေ့သို့ ဆက္မသွားတော့ပဲ ထိုနေရာမှာတင် ဆတ်ခနဲ ပြန်လှည့်ကြည့်တယ်။

" ခုနထဲက ငါ့ကိုအခုထိ ဘာလို့စကားမပြောတာလဲ "


" ​မင်းတို့နှစ်ယောက်ကြားမှာ ငါဝင်ပြောဖို့ နေရာလွတ်တောင်ရှိပါ့မလား "


" မင်းကလည်း ... "

" ထားပါ ... ဘာပဲဖြစ်ဖြစ် ငါရှိနေတာပဲလေ
ဖုန်းဆက္ လိုက်ရောပေါ့ "
" မင်းကလည်း " ဟု အသံသေးသေးလေးနှင့်
တင် အရည်ပျော်ကျနေသူအပေါ် သနားစရာ မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ဆောင်းဟွန်း၏ ပျော့ကွက်အား ဂျယ်ယွန်း ခပ်မြန်မြန် အနိုင်ယူလိုက်ပါသည် ။

𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]Donde viven las historias. Descúbrelo ahora