Unicode ^
" ရူးသွပ်စွဲလမ်းစေမိတဲ့ အချစ် " ~
" ဂျယ်ယွန်း ကိုယ့်ရဲ့လက်ကိုတွဲပေးနိုင်မလား "
" နှုတ်ကနေ ဖွင့်ပြောနေစရာလိုသေးလို့လားကွာ !! ... "
" ငါနှစ်နဲ့ချီအောင်စွဲလမ်းနေမိတဲ့ စီးကရက်တွေကိုတောင် မင်းဆိီမှာ အပ်နှံထားခဲ့ပြီးပြီပဲလေ ... "
" ဘာတွေများ အကြောင်းပြချက်တွေလိုအပ်နေသေးလို့လည်း ... "
" မင်းငါ့လက်ကိုတွဲထားချင်တာ သေချာပြီဆိုရင်
မင်းအိတ်ကပ်ထဲက ငါ့ရဲ့စီးကရက်တွေကို လွှတ်ပစ်ပြီး ... "
နီးစပ်ဖို့ ဘယ်လောက္မှ မဝေးတော့သလို ...
ဝေးရဖို့လည်း ဘယ်လောက္မှ မလိုတော့တဲ့
အခိုက်အတန့် တစ်ခုမှာ ခြေတစ်လှမ်းသာ ဆက္မတိုးရင် ဆောင်းဟွန်း သူ ... သူ့ဘဝတစ်လျှောက်လုံး နောင်တတရားတွေနဲ့ ဆုံးရှုံးခြင်းကို နစ်မွန်းအောင် ခံစားရလိမ့်မည် ။
နောက်ဆုံး သူ ပြေးဖက်လိုက်တယ် ....
ခန္ဓာကိုယ်လေးတစ်ခုလုံး ရင်ခွင်ထဲသို့ သိမ်းကြုံး
၍ ၊
နာကျင်စေမည့် ကြိုးတစ်ချောင်းဖြင့် တုတ်နှောင်လိုက်သည် မဟုတ်ဘဲ ဂျယ်ယွန်းအပေါ်မှာ ထားသည့် အဖြူရောင် သံယောဇဥ္ကြိုးလေးဖြင့်သာ ....
မှိတ်တုတ်မှိတ်တုတ်ဖြင့် ကြယ်ပွင့်လေးများ
သဖွယ်လင်းလက်နေခဲ့သည့် မီးရောင်ဖျော့ဖျော့လေးများက အချစ်ငှက်ကလေးနှစ်ကောင်၏ နားခိုရာ ရပ်ဝန်းတစ်ခွင်လုံး ထိန်လင်းတောက်ပသွားတော့သည် ။
သို့နှင့် တစ်ပြိုင်တည်း နှင်းလုံးလေး၏ ရင်ခွင်ထဲမှ အနွေးဓာတ်ခံလေးက မဆုံးလိုက်သော စကားကို ဆက်ဆိုခဲ့တယ် ။
" ငါ့ကို အပိုင်သိမ်းလိုက်ပါတော့ ~ " ဟု ...... ။
" မင်းရဲ့ကိုယ်သင်းရနံ့လေးကို ကိုယ်တစ်ဝကြီး
မရှူရှိုက်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ .. "မေးဖျားလေးက ကိုင်ကာ ညိုမြရောင် ဝိုင်းစက်စက် မျက်ဝန်းလေးကို ဆောင်းဟွန်း ငုံ့ကြည့်မိတယ် ။
ဝမ်းနည်းရိပ်ယောင်သန်းနေတာကို မြင်တွေ့ချင်ခဲ့သည် မဟုတ်တာကြောင့် ချက်ချင်းဆိုသလိုပင် ပျာယာခပ်သွား၏ ။
YOU ARE READING
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
Romanceစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]