Unicode
ယနေ့ည ကောင်းကင်မှာ
ကြယ်တွေပျောက်ဆုံးနေတယ် ...
အဲ့ကြယ်လေးတွေ ဘယ်ဆီများ ရောက်သွားတာလည်း ။လရောင်ဖြာကျနေသည့် ပြတင်းတံခါးပေါက္မှ အေးစိမ့်စိမ့် လှပ်ဝင်လာတဲ့ လေတွေ ... ။
ခါတိုင်းဆို အအေးကြောက်သည့် ရောဂါ အခံကြောင့် ဂျယ်ယွန်း တံခါးကို မတုန့်မဆိုင်း ထပိတ်တတ်တယ် ။
အခုတော့ ...
တွယ်တာမိသူက ဖြူဖွေးဖွေး နှင်းခဲလေး ။
အအေးလည်း ကြိုက်ပုံပေါ်တယ် ...
ဒါကြောင့် သူမပိတ်မိဘူး ။ကြည့်ပါအုံး ... နှင်းခဲလေးက ကျွန်တော့်အနားမှာ ကွေးကွေးလေး အိပ်ပျော်နေတာ ။
မထိရက် မကိုင်ရက် မြတ်နိုးတပ်မက္၍မဆုံး။ဒီလူသားလေးကို တစ်သက်လုံး ဘယ်သူ့လက်ထဲမှာ ယုံယုံကြည်ကြည်နဲ့ အပ်ထားဖို့ ဖြစ်နိုင်ပါ့မလည်း ။
ဂျယ်ယွန်း တစ်ချိန်လုံး နိုင်လာခဲ့သည်မှာ
ဆောင်းဟွန်း ဆိုသူ တစ်ယောက်တည်း ... ။
သက်ဆုံးတိုင် စွဲကျန်နေမည့် အမှတ်တရတွေနဲ့
ချစ်မြတ်နိုးရမည့်သူဟာလည်း သူတစ်ယောက်တည်းသာ ... ။" မင်းမရိပ်မိခဲ့တာလား ...
ကိုယ်တို့နှစ်ယောက်က သူငယ်ချင်းထက် ပိုခဲ့ပါတယ် ~ "လျှပ်တပြက် နားထဲ ကြားယောင်လာသည့် စကားတစ်ခွန်း ...။
မင်းစိတ်ထဲ ဘာတွေရှိနေတာလည်းဆိုတာ ငါမသိချင်တော့ဘူး ။
သူငယ်ချင်းထက်ပိုတယ်ဆိုတဲ့ ဒီရပ်ဝန်းလေးမှာဘဲ ပျော္ဖို့သင့်ပါပြီ ...မိုးစင်စင်လင်းသွားပြီး နေခြည်နွေးနွေးက
မျက္နှာပေါ် ဖြာဆင်းလာတယ် ။ အဘယ်က ပေါ်လို့လာမှန်းမသိတဲ့ ငှက္မွှေးလေးက ဂျယ်ယွန်း၏ ပါးနုနုလေးအထက္မှာ ဝဲလို့ပင် ။မျက်နှာပေါ်မှာ တခုခုကပ်နေတာလား
ယားလိုက်တာကွာ ..." ဟန်နီ ~ "
" ဟွန် အွန်းးးး "
လက်လေးနှစ်ဖက်ကို ဘေးသို့ ဆန့်တန်းလျှက်
အကြောဆန့်နေသည့် ကောင်လေးတစ်ယောက် မျက်လုံးလေးတွေကို မှိတ်ထားဆဲ ။
ဝိုးတိုးဝါးတားနှင့် မျက်ဝဋ်လွှာလေး
နှစ်ဖက်ကို ခပ်ဖြည်းဖြည်း ဖွင့်ကြည့်လိုက်ပြီးကတည်း ကဆုန်ပေါက်နေသည့် နှလုံးသားဟာဖြင့် မှားယွင်းသော ကုထုံးအောက်တွင် အသက်ပင် ပေးရနိုင်မည် .... ။
BẠN ĐANG ĐỌC
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
Lãng mạnစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]