Unicode
" ငါတို့က အခုထက်ထိ သူငယ်ချင်းတွေပဲလား "~
တစ်နေကုန် ဘာမှ မပြောမဆိုနဲ့ အစအနသေးသေးပင် ရှာမရတော့အောင် ပျောက်သွားသည့် ကောင်လေးက သူ့ရဲ့ခွေးလေးနဲ့အတူ ကျွန်တော့်ကို ထားသွားတယ် ။
ဒါ တာဝန်ယူမှု မရှိတာပဲ ...
Layla လေးရော ...
Layla နှင့်အတူ တစ်အိမ်တည်းမှာ အတူကျန်ခဲ့တဲ့ လူတစ်ဦးရော ဂျယ်ယွန်းမရှိရင် မနေနိုင်ပါဘူးဆိုသည့် ဆက်နွယ်မှုက တစ်ခုတည်း ။ဒီလိုပုံစံမျိုးနဲ့ ဒုက္ခရောက်စေချင်ခဲ့တာလား
ဂျယ်ယွန်းက ။မင်းသာ မိန်းကလေးဆိုရင် မွေးလာတဲ့
ကလေးက မင်းနဲ့တူရင် အတော်ထိန်းရခက္မှာ ။
အခုတောင် ခွေးပေါက်လေးပဲမို့ .... ။" Layla ya ... သမီးရဲ့ဖေဖေ တစ်နေကုန် ဘယ်တွေသွားနေမယ်ထင်လည်း "
" တခုခုဆို စိတ်ပူတတ်မှန်းသိလို့ တမင်မပြောမဆိုပဲ အပြင်သွားတာလား "
သူပြောတာတွေကို နားလည်ခြင်းမရှိတဲ့ ခွေးပေါက်လေးအား ဆောင်းဟွန်း အစာခြောက်လေးတွေ ကျွေးရင်း အပြုံးယေးယေးတစ်ခု ဖြစ်ပေါ်လာသည်ကို ကာယကံရှင်ကတော့ မသိခဲ့ ။
" လိမ္မာသားပဲ သမီး ဖေဖေအကြောတင်းလေးသာ ဒီလောက်လိမ္မာခဲ့ရင် တန်းပြီး အဖြေပေးလိုက္မိမှာ ..... "
" အစားကောင်းကောင်းစားပြီး နေခဲ့နော်
မလိမ္မာတုံးလေးကို အိမ်အရောက်ပြန်ခေါ်လာခဲ့မယ်"
" ဟွန်း ~ "
" အင်း ဟန်နာ "
" အသံက တစ်မျိုးဖြစ်နေသလိုပဲ ဟွန်းရယ် နေများမကောင်းလို့လား "
" ကိုယ် နေကောင်းပါတယ် "
" ဒါဆို အဲ့ဒါကို မေ့ချင်ယောင်ဆောင်နေတာပေါ့လေ "
" ဟင် .. ဟန်နာ ဘာကိုပြော "
" ဒီနေ့ ဟန်နာ့ရဲ့ မွေးနေ့ပါတီကို ဟွန်းလာဖို့ မေ့နေတာလား ဟွန် "
" အာ.. ကိုယ်သတိရပြီ "
" ဟန်နာစောင့်နေမယ်နော် ဟွန်းဆတ်ဆတ်လာမယ်လို့ ယုံကြည်လို့ရတယ်မလား "
![](https://img.wattpad.com/cover/295250994-288-k989693.jpg)
ESTÁS LEYENDO
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
Romanceစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]