Unicode
" မင်းနဲ့ပတ်သက်သမျှအရာအားလုံးကို
ချစ်တယ် ... ""ငါမင်းကို အရမ်းချစ်တယ် ဆောင်းဟွန်းးး!!"
ရင်ခုန်စွာ စောင့်ဆိုင်းနေမိသည့် ကာလအပိုင်းအခြားက ဘယ်လောက္မှပင်မကြာ ။
စက္ကန့်ပိုင်း ... ထိုစက္ကန့်ပိုင်းလောက်သာရွေ့လျားနေတဲ့ အချိန်တွေကို အလားဟပ်သက္မဖြစ်စေချင်ဘူး ။မင်းကြားဖို့ လိုအပ်တယ် ...
သေချာပေါက္ မင်းကြားသွားမှဖြစ်မှာ ။
ဆောင်းဟွန်းက အောက်တွင် ချထားသော ပစ္စည်းတွေကောက်သိမ်းလိုက်ပြီးတဲ့အခါ သူ့ဆီကို တန်းတန်းမတ်မတ်လျှောက်လာတယ် ။
နောက်ပြီး .. နောက်ပြီးတော့ တစ်လှမ်းချင်း
တစ်လှမ်းချင်း ကျွန်တော့်အနီးကို ရောက်လာတဲ့အချိန် အိပ်မက္လားလို့တောင် ထင်မှတ်မိတယ် ...သူနဲ့မတူအောင် ဘာလို့များ ခံစားချက်ကြီးက
စိမ်းသက်သက်ဖြစ်နေခဲ့တာလည်း ....
အမှန်တိုင်းပြောရရင် သူသေသွားတော့မှာလား
ရင်တွေခုန်နေရလွန်းလို့လေ ရူးမတတ်ပဲ
ရေခဲလို လူသားက သူ့ကို ရူးသွားစေလောက်တယ် ။
" ဒီစကားတွေကို မကြားခဲ့ဘူးလို့ပဲ သတ်မှတ်
လိုက္ရအောင် "
သူနဲ့တန်းတန်းကို လျှောက်လာပြီးမှ ဘေးချင်း
ယှဥ်ရပ်ကာ ပြောလိုက်ခြင်း ဖြစ်သည် ။" ပြန်ရအောင်လေ .... "
နောက်ဆုံးတော့ ... သူမျှော်လင့်ထားသလို
ဘယ်အရာမှတကယ် ဖြစ်မလာခဲ့တော့ဘူး ~
ပြန်ရအောင်ဟု ပြောကာ အပြီး ထွက်ခွာသွားတော့မည် ဖြစ်သည့် ဆောင်းဟွန်း၏ ခြေလှမ်းများ ပထမအကြိမ် တစ်လှမ်း စလှမ်းလိုက်သည် ။ ထို့နောက် နှစ်လှမ်းထပ်လှမ်းလိုက်ပြီး သုံးလှမ်းလှမ်းဖို့ စတင်လိုက်ရာတွင် တုန့်ခနဲ ရပ်သွားစေခဲ့သည်မှာ ဂျိတ်၏ စကားကြောင့်ပင် ....
" ငါတော့ အဲ့လိုမပြီးလိုက်ချင်ဘူး ... "
" ရှိသမျှ အားတွေကုန်ခမ်းတော့မယ့်အတိုင်း
ငါမင်းကို ဖွင့်ပြောဖို့လေ ... "
ESTÁS LEYENDO
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
Romanceစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]