Unicode
" နေကြာပန်းခင်းထဲက ပုံရိပ်လေး " ~
" Daejeo ပန်းခြံ " ဟု ပြောလိုက်ချိန်ကစလို့
ငယ်ငယ်က နေထွက်တာနဲ့ သွားကြည့်မယ်ပြောခဲ့သည့် ပုံရိပ်လေးများ ဖြတ်ခနဲ ပေါ်လာတယ် ။" ဆောင်းဟွန်းနီး ~ "
ရင်ထဲ၌ နွေးခနဲ ဖြစ်သွားစေသော
အသုံးအနှုန်းလေးကို တစ်ခါတစ်ရံမှ ခေါ်တတ်ပေလို့ တစ်ချိန်က သူ့ကိုယ့်ကို ဖျားနေသည်ဟု ထင်ခဲ့ဖူးပါသည်။" ဟင် "
" ဒီနေကြာခင်းကြီးတစ်ခုလုံးနဲ့ အခုငါ့လက်ထဲမှာ ကိုင်ထားတဲ့ နေကြာပန်းလေးတစ်ပွင့်ကို မင်းအနေနဲ့ တစ်ခုပဲ ရွေးရတော့မယ်ဆိုရင် ဘာကို ရွေးချယ်မှာလဲ "
သူ့အနေနဲ့ တုန့်ဆိုင်းနေခြင်းမရှိ ...
ဂျယ်ယွန်းလက်ထဲက နေကြာပန်းလေးကိုသာ
အညှင်သာဆုံး ဆွဲယူ၍ ရွေးချယ်လိုက်သည်။" ဘာလို့ငါ့လက်ထဲက တစ်ပွင့်တည်းကို ရွေးခဲ့တာလဲ "
နုံအလွန်းတဲ့ အဲ့အချိန်ကတော့ အဖြေကို
ရေရေရာရာမပေးနိုင်ခဲ့ဘူး ....
ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အချိန်တွေကိုသာ နောက်ပြန်ခရီးသွားခွင့် ရှိခဲ့ရင် အဲ့ဒီနေကြာပန်းလေး တစ်ပွင့်တည်းကိုပဲ မျက်စိတစ်ဆုံး တန်ဖိုးထားချင်ခဲ့လို့ဟု ပြန်ဖြေမိမှာ ... ။
" ဆောင်းဟွန်းနီး .. "
လေလှိုင်းလေးက ကြားခံနယ် အဖြစ် ...
တဝိုးတဝါးနှင့် နားထဲဝင်ရောက်လာသည့် အသံလေးဟာ အတိတ်နဲ့ လက်တွေ့ကိုတောင် မခွဲခြားနိုင်ဘဲ နားဝင်ချိုလွန်းတယ် ။
" ဟိုးမှာ နေကြာပန်းခင်းကို လှမ်းမြင်နေရပြီ မြန်မြန်သွားရအောင်လေ "
လူကို မရှင်းအောင် ပြောသွားပြီးမှ ထွက်ပြေးမယ် ကြံတဲ့ ကောင်လေးရဲ့ လက်ကို ဆောင်းဟွန်း ခပ်မြန်မြန် ဖမ်းဆွဲလိုက်သည် ။
"နေအုန်း ခုနက မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာ"
" ဒီတိုင်း မင်းနာမည်ကိုပေါ့ ... "
أنت تقرأ
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
عاطفيةစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]