Unicode
" အစထဲက သူငယ်ချင်းအဖြစ်ရှိမနေခဲ့သင့်ဘူး ..."
နှုတ်ခမ်းထက်က စီးကရက်တစ်လိပ်၏ အငွေ့များကို ခံတွင်းထဲသို့ ရှိုက်သွင်းလိုက်ပြီးနောက် ...
ပြင်းရှရှ အငွေ့များအား နာကျည်းချက္များနှင့်အတူ တစ်ချက်တည်း ဖွာထုတ်လိုက်ရင်း ၊
မမေ့နိုင်ခဲ့သော အတိတ်က အကြောင်းများတွင်သာ ဆက်၍ ပိတ်မိနေခဲ့သည်။"ဂျိတ် ... မင်းဘာလို့ ငါ့ညီလေးကို ငို ငိုအောင်လုပ်လိုက်တာလဲ "
" မင်းတကယ်ဘဲ မသိဘူးလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား "
" တကယ် ..တကယ်မသိတာပါ "
" အဲ့ဒါဆိုလည်း သေချာနားထောင် "
"အင်း"
" မင်းက ငါ့ထက်သူ့ကို ပိုပြီး အေရးပေးနေလို့"
" သူက ငါ့ညီ အ ..အရင်းမို့ "
"အဲ့ဒါတွေ ငါမသိချင်ဘူး ဘယ်သူနဲ့ပဲ ယှဉ်ယှဉ် မင်းငါ့ကို ဦးစားပေးရမယ် "
ကျွန်တော့်လိုချင်ခဲ့တယ် ...
တစ်စုံတစ်ယောက်ဆီက ဖြစ်ဖြစ် အလိုလိုက် အရေးပေးမှုလေးကိုလေ ။
သူကတော့ ကျွန်တော်လိုချင်တဲ့အရာကို
ပေးခဲ့ရှာပါတယ် ...ကျွန်တော်က အဲ့ဒီအဖြူရောင်သံယောဇဥ္လေးကို အရောင်ဆိုးခဲ့သူတစ်ဦး မဖြစ်ခင် အချိန်ထိ ပေါ့ ။
" စောင့် .. စောင့်နေတာ ကြာသွားပြီလား "
" ကြာတာပေါ့ ...
ငါတို့ဒီနေရာမှာဆုံကြတိုင်း
မင်းက ငါ့ထက် အမြဲလိုလို ငါးမိနစ်နောက်ကျတယ် "" ....... "
" ဘာလဲ မင်းအဲ့လိုပဲ တိတ်နေတော့မှာလား !"
" ထပ်ပြီး အထစ်ထစ်အငေါ့ငေါ့စကားတွေနဲ့ ငါ့ကို လာမရှင်းပြနဲ့ ဟေ့ရောင် ဆောင်းဟွန်း"
ဂျိတ်ပြောတာလည်း မမှားပါဘူး ...
သူက မွေးရာပါစကားထစ်နေတာမဟုတ်ပဲ တခါတရံသာ ဖြစ်ပြီး သူနှင့် ရွယ်တူကောင်လေးတစ်ယောက်ရှေ့သို့ ရောက်လျှင်သာ ပို၍ စကားတွေထစ်နေခဲ့ခြင်းပင် ။
KAMU SEDANG MEMBACA
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
Romansaစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]