Unicode
နှင်းတွေပထမဆုံးကျတဲ့ နေ့တစ်နေ့က ....
ကျွန်တော့်ဘဝထဲကို အနီရောင်သိုးမွှေးချည်ထည်လေးနှင့်အတူ ကောင်လေးတစ်ယောက်ပါ ဝင်ရောက်လာခဲ့တယ် ။နှင်းတွေကျတဲ့ လမှာ မွေးပြီး ၊
နှင်းစက်ကလေးတွေပမာ ဖြူအုနူးညက်နေသော အသားအရေ ....
အများနှင့်မတူအောင် ကြင်နာတတ်ခဲ့ပြီး ...
တစ်နည်းအားဖြင့် ပြောရရင် ထိုလူသားလေးက ဆောင်းရာသီမှာ ကျတဲ့ အဖြူရောင် နှင်းစက်ကလေးတွေကို ကိုယ်စားပြုတာကြောင့် ၊
သူဟာ ကျွန်တော့် ရင်ထဲက"နှင်းလုံးလေး" လို့ ကျွန်တော် တစ်ဦးတည်းသာ ခေါ်တွင်စေခဲ့တယ်။အဲ့ဒီနှင်းလုံးလေးနဲ့ကျွန်တော့်ရဲ့ရေစက်က အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်ရဲ့သားဖြစ်နေခဲ့ကြသည်မှ စခဲ့ကြတယ် ဆိုမလား ....
လူစည်ကားသည့် နေရာများကို
မနှစ်မြို့သော ကလေးငယ်တစ်ဦးမှာ ၊
ကစားကွင်းသို့ မျက်စိလည် လမ်းမှားကာ ရောက်လာသယောင်ယောင် ။သူနှင့် ရွယ်တူ ကလေးများက ...
မျက်လှည့်ပြပွဲကိုပင် စိတ်ဝင်တစား ကြည့်နေခဲ့သော်လည်း ထို မျက်လှည့်ပြပွဲမှ မိဘတွေမသိလိုက်ခင် ထွက်လာ၍ လူသူကင်းမဲ့သည့် တစ်နေရာတွင် လမ်းပျောက်နေခဲ့တော့၏ ။မီးခိုးတထောင်းထောင်းထနေသော
မုန့်လှည်းလေးဘေးတွင် အနွေးထည်ပါးပါးလေး တစ်ထပ်တည်းဖြင့် ၊ ပူဖောင်းလေးကိုင်ကာ ရပ်နေသည့် ကိုး နှစ်သားအရွယ် ကောင်လေးမှာ အဖြူရောင် နှင်းစက်လေးတွေကြောင့် ချမ်းလို့ တုန်နေလေရဲ့~ ။အေးလွန်းတာကြောင့် ပန်းနုရောင်သန်းနေသော နှုတ်ခမ်းလေးတွေမှာ ဖြူဖျော့ဖျော့ ....
လက်ထဲက ပူဖောင်းလေး လွှတ်မထွက်သွားဖို့ အရေး ဂရုစိုက်နေသည့်ကြားက လွှတ်သွားသော ပူဖောင်းလေးကို လိုက်ဖမ်းရင်း ခလုတ်တိုက်ကာ ချော်လဲ၍ ငိုနေခဲ့ခြင်းဖြစ်ရ၏ ။" အုံဖွ အုံဖွ ..."
"အန်တီပူဖောင်းအသစ်တစ်လုံး ဝယ်ပေးမယ်နော် သားလေး "
ထိုကလေးလေးမှာ သူမ၏ အမေးကို ခဏလောက် နှုတ်ဆိတ်နေခဲ့၍ သားမေမေကို ပြန်ရှာ
ပေးပါဟုသာ အော်ငိုနေခဲ့သည် ။
VOCÊ ESTÁ LENDO
𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]
Romanceစီးကရက်တွေ သောက္တိုင်း မင်းကို လွမ်းတယ်။ 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗~[𝚂𝚞𝚗𝚐𝚓𝚊𝚔𝚎] 𝚂𝚞𝚗𝚔𝚒 » 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 [ Z+U ]