အပိုင်း ၁

901 40 15
                                    

Zawgyi 🎄

ဒီဇင်ဘာလရဲ့နံနက်ခင်းတွေက ကျွန်တော့်ကို
အိပ်ယာထဲကမထဖို့တွန်းအားပေးနေသလိုပဲ။
ညအိပ်ရင် ရှပ်အကျီင်္အပါးတစ်ထည်ပဲဝတ်အိပ်
တတ်တဲ့ကျွန်တော့်အတွက်ဆောင်းရာသီမှာ တကယ်
ခက်ခဲစေတာပါ။စောင်ထဲနေရင်းတောင်တိုးဝှေ့
နေရတယ်။အဆက်မပြတ်မြည်နေတဲ့နိုးစက်သံကြောင့်
မပွင့်တပွင့် ဖြစ်နေတဲ့ မျက်လုံးတွေကိုအားယူဖွင့်ပြီး
ကုန်းရုန်းထရတယ်။မဟုတ်ရင် အလုပ်နောက်ကျတော့မှာ။
နာရီကိုကြည့်တော့ ၆နာရီခွဲ။သွားတိုက်၊မျက်နှာသစ်
အဝတ်အစားလဲတာနဲ့၇နာရီစွန်းသွားပြီ။ရေချိုးဖို့တော့
စိတ်ကူးမရှိသေးပါဘူး။မနေ့ကမှချိုးထားတာ နေ့တိုင်း
တာချိုးနေရင်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လောကကြီး
ကိုနူတ်ဆက်သွားရလိမ့်မယ်။

အပေါ်ထပ်အခန်းနဲ့အောက်ထပ်အခန်းတွေကို
ပြန်ဝင်ကြည့်ပြီးတဲ့နောက်အိမ်မှထွက်ဖို့ပြင်သည်။ဧည့်သည်တွေကဒီနေ့ရောက်မယ်ထင်တယ်။သူတို့လာရင်အဆင်သင့်ဖြစ်ဖို့သေချာ
ပြန်စစ်ဆေးပေးနေရတာ။အပေါ်ထပ်မှာကအခန်းသုံး
ခန်းရှိပြီး အောက်ထပ်မှာကနှစ်ခန်းရှိသည်။အိမ်ကနှစ်ထပ်အိမ်ကလေးဖြစ်ပြီးအရမ်းကြီးတယ်
မဟုတ်တော်ညား သေးတယ်တယ်လည်းမဟုတ်ပါ ကျွန်တော်တစ်ယောက်ထဲအတွက်တော့တော်တော်
ကျယ်တာပေါ့။ဒီနှစ် ခရစ္စမတ်ကတော်တော်အထီးကျန်
ဖို့ကောင်းတာပါ။အမကနှစ်သစ်ကူးရက်လေးတောင်
အိမ်ပြန်လာဖို့စိတ်မကူးဘူးလေ။မလာတာလဲကောင်း
ပါတယ် မဟုတ်ရင် သူ့ကလေးတွေနဲ့တစ်အိမ်လုံးဗြောင်းဆန်
နေလိမ့်မယ်။ဒီလိုပြောလို့ကလေးတွေကိုမချစ်ဘူးလို့
မထင်နဲ့နော် ကျွန်တော့်လောက်ကလေးချစ်တတ်တာ
ကျွန်တော်ပဲရှိတယ်။

လှေကားအဆင်းမှာရှိတဲ့ ကြည့်မှန်ရှေ့မှာရပ်လိုက်ပြီး ပွထနေတဲ့ဆံပင်တွေကိုသပ်ချလိုက်သည်။အညိုဖျော့ရောင်ရှိတဲ့ဆံပင်တွေကအဖေနဲ့တူတာလေ။
အဖေကအနောက်နိုင်ငံသားဖြစ်ပြီး အမေကထိုင်းကပါ။
နည်းနည်းတော့ဆန်းကျယ်တယ်မလား အင်း
ကျွန်တော်လည်းအဲ့လိုပဲထင်တယ်။ဆွစ်ဇာလန်မှာပဲ
ကြီးပျင်းတဲ့ကျွန်တော်က အနောက်နိုင်ငံသားတွေနဲ့
ချွတ်စွပ်တူတာမျိုးတော့မဟုတ်ဘူး။အနောက်နိုင်ငံ
သားတွေလိုအသားအရည်ကြည်ပြီး နှာတံချွန်ချွန်နဲ့
ရှည်လျားတဲ့အရပ်ကကျွန်တော့်ဆီမှာမရှိဘူးရယ်။
ပုတယ်လည်းမဟုတ်ပေမဲ့ ယောကျာ်းတစ်ယောက်
ရဲ့ပုံမှန်အရပ်တော့ရှိပါတယ်။ဝိုင်းစက်ပြီးအညိုရောင်
ရင့်ရင့်ရှိတဲ့မျက်လုံးအိမ်ကအဖေနဲ့တူတာပဲ။အဖေ့ရဲ့
ညို့အားပျင်းတဲ့မျက်ဝန်းတွေကြောင့် အမေက
ချစ်မိသွားတာလို့ပြောတယ်။ဒီမျက်ဝန်းတွေကို
အမွေဆက်ခံရတာက ကျွန်တော်ကံကောင်း
တာပဲမလား။ပါးချိုင့်နဲ့ထူပြီးပုံကျတဲ့နူတ်ခမ်းလှလှ
လေးကအမေ့ရဲ့အမွေလေ။မိဘနှစ်ယောက်လုံးဆီ
ကကောင်းတဲ့အရာတွေကြီးပဲရထားတာ ဘယ်လောက်
တောင်ကောင်းလိုက်လဲ။အမဆိုအမြဲမနာလိုနေကြ။
ဒါပေမဲ့ သူကကျွန်​တော့်ကို တော်တော်လေးတော့
ချစ်ရှာပါတယ်။ကံမကောင်းစွာနဲ့ အဖေနဲ့အမေကတော့ ကျွန်တော်တို့ဆီကနေအစောကြီး
ထွက်ခွာသွားခဲ့ပြီ။

WISH ❄  (Completed )Where stories live. Discover now