အပိုင်း ၁၃

184 33 14
                                    

Zawgyi🎄

''ဘေဘီ''

''အကို''

''မသွားပါနဲ့ ကျေးဇူးပြုပြီး မသွားပါနဲ့''

''Gun Gun''

''အကို''

''Gun''

မျက်လုံးတွေပွင့်လာလျှင် အိပ်မက်ဆိုးများမှလန့်နိုး
လာသည်

''Gun အဆင်ပြေရဲ့လား''

တဘတ်တစ်ထည်နဲ့စိတ်ပူနေတဲ့အမဖြစ်သူကို
ခေါင်းသာငြိမ့်ပြနိုင်သည် ဒီအိပ်မက်ဆိုးကြီးကိုသူ
မကျော်လွှားနိုင်သေးဘူး

''အဖျားတော့ကျသွားပြီ အိပ်မက်ဆိုးတွေမက်နေ
တုန်းလား''

အိပ်ယာကနေအမရဲ့အကူအညီနဲ့ထထိုင်လိုက်ကာ
ဘေးကရေခွက်ကိုယူသောက်လိုက်သည်

''သူ့အကြောင်းသိရပြီလား''

Pim ရဲ့မျက်နှာကအရောင်ဖျော့သွားလျက်

''ငါမသိဘူး Tay အိမ်ပြန်မလာသေးဘူးပြောတယ်''

''မဖြစ်နိုင်တာ အကိုကဘယ်ကိုသွားမှာမလို့လဲ''

Pim မှာသူ့မောင်လေးခံစားနေတာမကြည့်ရက်
ပေမဲ့ဘာမှလုပ်မပေးနိုင်ပေ နေမကောင်းဘူးကြားတာ
နဲ့သူ့မောင်လေးဆီကိုအမြန်ပြန်လာခဲ့တာ ဒီရောက်မှ
သူအခြေအနေအချို့ကိုနားလည်သွားတာ Tayရဲ့
သူငယ်ချင်းဆိုမှOffမန်းတော့သူသိပါသည်
ကျန်တာ ဘာဆိုဘာမှကိုမသိ မိဘအိမ်ကနေခွဲနေတာမို့
မက်ကလေးနဲ့တောင်စကားမပြောဖြစ်တာ သူ့သူငယ်ချင်း
နဲ့ဆိုပိုဆိုးမည်

''Gun နင်သတိလေးကပ်စမ်းပါအုံး အဲ့လောက်ကြီး
မစွဲလမ်းနဲ့လေ''

အမနားမလည်ဘူး သူသိတယ် ဘယ်သူကကောနားလည်
ပေးနိုင်မှာလဲ တစ်လတောင်မပြည့်တဲ့တွေ့ဆုံမူက
လက်စုပ်လက်ကိုင်ပြစရာဘာမှရှိမနေ အကိုကလည်း
မချစ်ခဲ့သလို သူကလည်းမျှော်လင့်ချက်မဲ့ခဲ့ပါတယ်
တစ်ပတ်တိတိရှိပြီ အကိုထွက်သွားတာ နိုးထလာတဲ့
မနက်ခင်းကအရင်မနက်ခင်းတွေလိုပဲဖြစ်ခဲ့တယ်
ဘယ်လောက်ပဲနာကျင်ခဲ့ပါစေ အကိုကဘယ်လောက်ပဲရက်စက်ရက်စက် သူက
အမြဲဒဏ်ရာလေးကိုဆေးကုနေတာ ပထမဆုံး
အကို့ကိုမတွေ့တဲ့နေ့ ခေါင်းတစ်ခုလုံးမီးတောက်
နေသည့်တိုင်ပူထူလာသည် အကိုTay အခန်းသွား
ရှာတော့အကို Tay ကရှိမနေ သို့သော်နှစ်ခန်းလုံး
အဝတ်အစားတွေရှိနေတုန်းပဲထုတ်ပိုးထားတဲ့ခရီး
ဆောင်အိတ်တွေမြင်တော့ ကိုယ့်ကိုယ်စိတ်ပျက်မိသည်
အကိုဟာထွက်သွားဖို့ကြံရွယ်ခဲ့သည် နောက်ဆုံး
တကယ်လည်းထွက်သွားခဲ့သည် ကျွန်တော်သာ
အကို့ကိုတစ်ယောက်ထဲမထားခဲ့ရင် အကိုအခုဆို
ကျွန်တော်နဲ့ချောကလက်ပူပူလေးသောက်နေအုံးမှာ
အကို Tay ကိုသာပြုံးပြလိုက်ရင် ဘယ်သူမှထွက်သွား
ကြမှာမဟုတ်ဘူး စာမလာအကြောင်းမကြားတဲ့အပြင်
ရုတ်တစ်ရက်ကြီးထားခဲ့ခံရတာက ဘာမှမပြောနိုင်တဲ့
အထိပြင်းထန်တဲ့အပြစ်တစ်ခုလို ကျွန်တော်ဘာများမှား
ခဲ့လို့လဲဟင် အကို့ကိုဖွင့်မပြောနဲ့ဆိုလည်းကျွန်တော်
လုပ်နိုင်တယ် ကျွန်တော်မှားတယ် ဟုတ်တာပေါ့
အကို့ကိုမေးခွန်းထုတ်ခဲ့မိတဲ့ကျွန်တော်ကမှားတာ
အရမ်းစိတ်ပျက်ဖို့ကောင်းတယ်မလား ကျွန်တော်
ကျွန်တော့် လက်တွေနဲ့အကို့ကိုတွန်းခဲ့တယ်
မုန်းလိုက်တာ ကျွန်တော်ဟာမုန်းစရာ

WISH ❄  (Completed )Where stories live. Discover now