အပိုင်း ၎

218 34 9
                                    

Zawgyi 🎄

မနက်ခင်းတိုင်း လုပ်နေကြအလုပ်တစ်ခုလို
ထပ်တိုးလာတဲ့အပိုအလုပ်လေးတစ်ခု အဲ့တာက
အကို့အတွက်ချောကလက်ပူပူလေးဖျော်ပေးရတာပဲ
အကိုကညဘက်တွေဆို အစောကြီးအိပ်ယာဝင်လေ့
ရှိတာမို့ နေ့တာတိုတဲ့ဆောင်းတွင်းကိုသိပ်သဘောမကျ
တော့တာအမှန်ပါ တစ်ချို့မနက်ခင်းတွေမှာ အကိုက
အစောကြီးနိုးတော့ စာအုပ်တစ်အုပ်နဲ့ချောကလက်
ပူပူလေးကအိပ်ခန်းထဲထိသွားဖို့မလိုအပ်ဘူး မနက်စာ
ကတစ်ကွဲတစ်ပြားဆီရယ် အကို Tay ကနောက်ကျ
မှနိုးလို့လေ ပထမတစ်ရက်ပဲ စောစောစီးစီးနိုး
နေတာအခုများကြအိပ်နိုင်လိုက်တာများ

အိမ်ပေါ်ထပ်ကိုတက်ခဲ့ရင်း ဝင်နေကြအခန်း​လေးကို
တံခါးမခေါက်ပဲတိုးတိုးတိတ်တိတ်ဝင်ခဲ့ပြန်သည်
သေချာပေါက် အကိုဟာမနိုးသေးဘူးဖြစ်လိမ့်မည်
ခန်းစီးတင်ထားတဲ့ ပြတင်းပေါက်ကို ကြည့်မိတော့
မနေ့ညကအကို အိပ်ယာဝင်နောက်ကျ​လောက်မှာ
ညဘက်ရှူခင်းတွေကြည့်ပြီးရင် အကိုကအမြဲတမ်း
ခန်းစီးချဖို့မေ့နေတတ်တယ်လေ ရက်အနည်းငယ်
အတွင်းအကို့အကြောင်းသူသိလာတာတော်တော်
များများရှိသည်

အိပ်ယာဘေးကခုံပေါ် မနက်စာကို
တင်ထားပေးလေ့ရှိပေမဲ့ ဒီနေ့တော့
ကုတင်အောက်ခြေနားက စားပွဲလေးပေါ်
ပြောင်းတင်မိသည် ချောကလက်နံ့ကိုတန်းရတက်
တဲ့အကိုကြောင့် နိုးမသွားစေချင်ရုံပါ သူနဲ့တွေ့တိုင်း
အမြဲပြောသည်က 'ချောကလက်နံ့​လေးရတယ်' တဲ့လေ
တစ်ခါတစ်လေ ချောကလက်ခွက်လေးကရှိမနေတာ
တောင်အကိုကကျွန်တော့်ဘေးနားလာထိုင်ရင်း
ပြောတတ်တယ် ကိုယ့်ကိုယ်ကိုယ် ပြန်နမ်းကြည့်
မိတာလည်းအခါခါ ကျွန်တော်သိသလောက်တော့
ကျွန်တော့်မှာကိုယ်သင်းနံ့မရှိပါဘူး ချောကလက်နံ့
လေးသင်းတဲ့ဆပ်ပြာတော့သုံးပါတယ် ဒါမဲ့ အဲ့တာ
ကအကိုတို့ရောက်ကထဲကကုန်နေလို့တစ်ခြားတစ်
မျိုးပြောင်းသုံးထားတာပါလေ

ကုတင်ဆီကိုခပ်ဖွဖွလျှောက်သွားရင်း အိပ်ယာ
ပေါ်မှာအေးအေးချမ်းချမ်းလေး အိပ်စက်နေသူကို
ငေးမောမိသည် ဘေးကခုံပေါ်မှာအသာလေးဝင်
ထိုင်ရင်း ပြတင်းပေါက်ကတစ်ဆင့် အပြင်ကိုလှမ်း
ကြည့်တော့ အဖြူရောင်တွေကြီးသာ ခရစ္စမတ်နီး
လာတာနဲ့အမျှနှင်းတွေဟာထူထပ်စွာ တည်ခင်းနေကြပြီ
အိမ်ခေါင်မိုးပေါ်ကနှင်းအထူအထပ်လိုက်ကြီးတွေက
ခဲတောင့်နေကာအမိုး များကိုအုပ်မိုးထားသည် အိမ်ရှေ့မှာပိတ်နေတဲ့နှင်းခဲတွေ သစ်ကိုင်းတွေပေါ်မှာခဲပီးတွဲလဲခိုနေတဲ့
ရေခဲတွေ ခပ်ပါးပါးကျလာတတ်တဲ့နှင်းမူန်တွေဟာ
နတ်ပြည်လေးအလား အေးချမ်းကြည်နူးဖွယ်ရာအတိ~

WISH ❄  (Completed )Where stories live. Discover now