အပိုင်း ၈

157 26 0
                                    

Zawgyi 🎄

December 25,Christmas day

9.pm

ဒေါက်! ဒေါက်!

တံခါးကိုဖြည်းဖြည်းပဲခေါက်လိုက်ပေမဲ့ တိတ်ဆိတ်
နေတဲ့ပတ်ဝန်းကျင်မှာပုံမှန်ထက်ကျယ်လောင်စွာ
ဟိန်းထွက်နေသလိုပဲ ထိတ်လန့်စရာကောင်းတယ်
လူမိသွားမှာ!

၉နာရီကအကို့ရဲ့ပုံမှန်အိပ်ချိန်ဖြစ်တာမို့ လက်ရှိ
၉နာရီကအရင်နေ့တွေထက်ထူးခြားနေတာအမှန်ပဲ
အိုး...ရင်ခုန်လိုက်တာ ကျွန်တော်တအားစိတ်လှုပ်ရှား
နေပြီ။

''စောင့်ရတာကြာသွားလား''

ခေါင်းခါပြတော့အကိုကပြုံးသည်။

''သွားရအောင်လေ မဟုတ်ရင် အပြန်နောက်ကျလိမ့်မယ်''

''အင်း သွားတာပေါ့''

လှေကားကိုခြေဖော့နင်းရင်း တစ်ထစ်ခြင်းဆင်း
နေရတာကစစ်ဆင်ရေးလုပ်နေရသလိုပဲ အိမ်တွင်း
စစ်ဆင်ရေးလေ ကိုယ့်အိမ်နဲ့ကိုယ်ကိုခိုးထွက်
နေရတာပေါ့ ဘဝကြီးကခက်ခဲတယ်
အိုခေစိုပြေမနေဘူး

အကိုကဘာမှမဖြစ်တဲ့ပုံနဲ့နောက်ကလိုက်လာတာ
ပေါ့ပေါ့ပါးပါးပဲ အခုကျွန်တော်တစ်ယောက်ထဲ
စိုးရိမ်နေတာလား အကို..အကိုသူအရမ်းအေးဆေးနေတာ

နံရံကိုမှီရင်းတံခါးဝဆီရောက်အောင်ဖြည်းဖြည်း
ချင်းသွားနေရသည်။ခြေသံ သိပ်မထွက်ပေမဲ့
ဒီနေ့မှအရမ်းတိတ်ဆိတ်နေသလိုခံစားရသည်
အကို Tay အခန်းက ဘေးမှာလေ

ကျွန်တော့်ပုံစံကြည့်ပြီး အကိုကရယ်သည်
ဘယ်နားရယ်စရာပါသွားတာလဲ ဒီလိုအချိန်မှာ
ရယ်နိုင်သေးတယ်ပေါ့လေ တံခါးကိုအသာဖွင့်
ရင်းဖိနပ်ကိုင်ကာပြေးထွက်တော့သည် ဒါက
အထက်တန်းဘဝတုန်းကညဘက်သူငယ်ချင်း
တွေနဲ့ခိုးလည်တဲ့ခံစားချက်မျိုး

ဖိနပ်ကိုသေချာစွပ်နေရင်းမှ သတိရလိုက်တာက
အကို အကိုပါမလာဘူးလား?

ခနလောက်ကြာမှအကိုထွက်လာတော့ သက်ပျင်း
ချနိုင်တော့သည် သူတစ်ယောက်ထဲစိတ်ပူနေရတဲ့
ဒုက္ခကလည်းမသေးပါလား

''အကို အထဲမှာ ဘာလုပ်နေတာလဲ
အကို Tay ထလာလို့လား''

''မဟုတ်ပါဘူး ကိုယ်ဖိနပ်စီးနေလို့''

WISH ❄  (Completed )Where stories live. Discover now