အပိုင်း ၂

312 32 14
                                    

Zawgyi🎄

ပေါင်မုန့်ကင်နေရင်း အတွေးထဲတွင်တစ်ယောက်ထဲ
ဗျာများနေမိသည်။ဟိုနှစ်ယောက်အတွက် မနက်စာ
ကပြင်ရမလား မပြင်ရဘူးလား စဉ်းစား​နေရင်း
ဧည့်သည်တွေဆိုတော့လည်း တာဝန်အရတော့
လုပ်ပေးသင့်တာပေါ့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချောကလက်ပူပူလေး အရင်လုပ်ဖို့လက်က
အရင်ရောက်သည်။တစ်မျိုးမထင်နဲ့ ကျွန်တော်လည်း ချောကလက်ကြိုက်လို့

''ညီလေး အကိုဘာကူပေးရမလဲ''

''ရတယ်ဗျ ကျွန်တော်အကုန်လုပ်ပြီးသွားပြီ''

''စားချင်စရာလေး မင်းကတော်တော်လုပ်
တတ်တာပဲ''

အကို Tay ကိုပြုံးသာပြရင်း နောက်တစ်ယောက်ကို
လိုက်ရှာမိသည်က ကိုယ့်ကိုယ်တောင်
သတိမထားမိလိုက်ဘူး ဘာလို့ဒီနေ့မှ
ဂနာမငြိမ်ဖြစ်နေရတာလဲ

''အကို Tay ဟို အကိုကော မနိုးသေးဘူးလား''

''ဟင် Off လား အိပ်နေသေးတယ်ဖြစ်မှာ
ခရီးပန်းတော့နားပါစေအုံး''

အကို Tay ရဲ့ဖော်ဖော်ရွေရွေရှိမှုကတော့ သူ့အိမ်
သူ့ယာလိုပါပဲ အရမ်းကိုသက်တောင့်သက်သာဖြစ်တဲ့ပုံစံ
အကိုOffကတော့ရေခဲတုံးလေးလိုအေးတယ်

အကို Tay ကိုထားခဲ့ပြီး ချောကလက်ပူပူလေး
တစ်ခွက်နဲ့ပေါင်မုန့်ကင်ကိုပန်းကန်ထဲထည့်ကာ
အပေါ်ထပ်သို့တက်လာခဲ့သည်။ပင်ပန်းနေတယ်
ဆိုတောင်မနက်စာလေးစားထားတော့ အားရှိတာပေါ့

ဒေါက် ဒေါက်!

''အကို Off ကျွန်တော်ဝင်ခဲ့လို့ရမလား''

''...''

ပြန်ဖြေသံမကြားတာကြောင့် ဝင်ခဲ့ဖို့သာဆုံးဖြတ်လိုက်
ရင်း သူများခွင့်ပြုချက်မပါပဲ ဝင်တာမကောင်း
ပေမဲ့လို့ပေါ့

အပေါ်ထပ်အခန်းတွေကနွေးတာကြောင့်
အောက်ထပ်လောက်အအေးတော့မပိုပါ အကို Tay
ကိုတော့စိတ်မပူမိဘူးစောင်အထူကြီးတွေထည့်ထား
ပေးတယ်လေ အခန်းလေထုကတိတ်ဆိတ်နေလျှင်
အကိုကအိပ်ပျော်နေတုန်းဖြစ်လိမ့်မည် ခြေလှမ်းကို
ခပ်ဖွဖွနင်းရင်း ကုတင်ဆီသို့အသာလေးသွားလိုက်သည်
ခေါင်းအုံးပေါ်လက်ခုပြီးအိပ်နေတဲ့ အကို့ပုံစံကကလေး
တစ်ယောက်လိုပါ စောင်ကခါးနားမှာရှိနေပြီး
ညအိပ်ဝတ်စုံနက်ပြာရောင်လေးကအထင်းသား
ပြတင်းပေါက်ကို လှမ်းကြည့်တော့အပြင်မှာအတော်
အေးမည့်ပုံပင် စောင်ကိုအပေါ်ထိဆွဲတက်ပေးပြီး
လုံအောင်သေချာခြုံပေးမိသည်။ဘာတွေလုပ်နေ
လဲဆိုတာကိုယ့်ကိုမသိပေမဲ့ ကျွန်တော်အများကြီး
မတွေးချင်တာပါ။

WISH ❄  (Completed )Where stories live. Discover now