အပိုင်း ၉

155 28 11
                                    

Zawgyi 🎄

''ဆန်တာဆီကဘာလိုချင်လဲ''

''အကိုကော''

''အဆုံးမရှိတဲ့ရှင်သန်ခြင်း''

''ခွီး ! ဟား အကို ဟာသအရမ်းပြောတာပဲ ဘယ်သူက
လောကကြီးမှာအဆုံးမရှိနေချင်မှာလဲ
ငြီးငွေ့စရာကို''

''မင်းမလိုချင်ဘူးလား ''

အကိုကသောက်လက်စဝိုင်ခွက်ကိုတစ်ငုံထပ်မော့
တော့ ကျွန်တော်ခေါင်းငြိမ့်ပြသည် သဘောက
မလိုချင်ဘူး လူတစ်ယောက်ကသတ်မှတ်ထား
တဲ့ဘဝသက်တမ်းထက်ပိုပြီးမနေသင့်ဘူးလို့ထင်တယ်
သဘောက အသက်တွေကြီးလာတဲ့အခါ
ကျွန်တော်တို့ကအထီးကျန်နေလိမ့်မယ်
ကျွန်တော်ဒါကိုတစ်ကယ်မကြိုက်ဘူး

''ကောင်းပြီ ဒါဆို ကိုယ်တစ်ခုပြောင်းလိုက်မယ်
စန်တာဆီကအချိန်တစ်ခုကိုတောင်းမယ်''

''အချိန်? ''

ကျွန်တော်နားမလည်နိုင်တော့ဘူး အကို့ကိုကြည့်
ရတာလောကကြီးမှာအကြာကြီးနေထိုင်သွားဖို့
ဆန္ဒရှိနေပုံပဲ

''ဒါဆို ကျွန်တော် တောင်းမှာက ချစ်ရတဲ့သူ
ကိုလက်ဆောင်အဖြစ်ပေးသနားဖို့ပဲ''

အကို့ရဲ့မျက်ဝန်းတွေထဲကြယ်ကြွေသွားသလို
ဖြတ်ခနဲအလင်းရောင်လေးတောက်ပသွားတာ
ကိုသေချာမြင်လိုက်ရသေးတယ် မကြာဘူး
အကိုကမျက်လုံးလွှဲသွားတယ် ဒါ...ဖြစ်နေကြပါပဲ

''နှင်းကျလာပြီ ''

လက်ဝါးဖြန့်ပြီးကောင်းကင်ပေါ်ကိုမော့ကြည့်တော့
ကောင်းချီးပေးနေသလို ကောင်းကင်ယံက
နှင်းပွင့်လေးတွေဖွဲကျလာပြီ

လူတိုင်းကအကျီင်္ဦးထုပ်တွေဆောင်းကြ
ထီးတွေထုတ်ကြရင်းအလုပ်ရှူပ်နေကြပေမဲ့
အကို့နဲ့ကျွန်တော်ကတော့ တဖြောက်ဖြောက်ကျလာ
တဲ့နှင်းပွင့်လေးတွေကိုငေးမောနေမိတုန်း

နှင်းတွေဟာမိုးပေါက်လေးတွေလို တဖွဲဖွဲကျ
လာလျှင်အရာအာလုံးဖုံးအုပ်နိုင်စွမ်းရှိလိမ့်မည်
Gunကရုတ်တစ်ရက်သူ့ခေါင်းပေါ်ကအမိုးလို
အရာကိုခံစားရတာကြောင့်ကြည့်မိတော့ Offက
လက်နှစ်ဖက်နဲ့ခေါင်းပေါ်ကိုမိုးပေးထားသည်

WISH ❄  (Completed )Where stories live. Discover now