အပိုင်း ၆

211 31 8
                                    

Zawgyi 🎄

သူတို့ကအခု Zurich (ဇူးရစ်)မြို့အနားမှာရှိတဲ့
Engelberg အပန်းဖြေစခန်းကိုရောက်နေကြတာ
Tay ကဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့လူပီပီ
အနီးအနားမှာရှိတဲ့ရှူခင်းတွေနဲ့နေရာတော်တော်
များများကိုဓာတ်ပုံလိုက်ရိုက်နေတော့ Offနဲ့Gunကပဲနှင်းတွေဆော့
ဖို့ကျန်ခဲ့တာလေ

ညဘက်ရောက်လာတဲ့အခါ ဖြူလွှလွှနှင်းတောင်တန်း
ကြီးကမိုင်းပြလာသည် အပန်းဖြေစခန်းမှာသီးသန့်
အပေါ်ထပ်လေးတစ်ထပ်ကိုယူထားတာမို့ ညအလှ
ကိုကျယ်ဝန်းတဲ့လသာဆောင်ကနေအားလုံးမြင်နေ
ရသည် ကျေးလက်တစ်ခုလုံးကိုလဲအပေါ်စီးကနေ
တွေ့မြင်နိုင်တာမို့ တစ်ကယ့်View ကောင်းတဲ့
နေရာပင် နှင်းတောင်တန်းတွေမှာခရစ္စမတ်အချိန်
အခါမျိုးတွင် နှင်းတွေကအဆက်မပျက်ကျတတ်သည်
ခရီးသွားတွေကော ဒေသခံတွေကပါ ဒီကိုနှင်းလျှော
စီးဖို့နဲ့အပန်းဖြေဖို့လာရောက်ကျတာမို့ စည်ကားနေ
သည်မှာပုံမှန်ပင် သစ်သားအိမ်လေးတွေက
နှင်းတွေဖြင့်ဖုံးလွှမ်းခြင်းခံထားရပြီး အဝါရောင်မီး
များကတောက်လျှောက်ထွန်းလင်းနေကာ အလှဆင်
ထားသောထင်ရှူးပင်များကလည်းလင်းလက်နေသည်
မီးခိုးခေါင်းတိုင်ဆီကနေထွက်ပေါ်နေသော
အငွေ့များကတရိပ်ရိပ်ပြန့်လွှင့်နေကာ မှိုင်းပြပြ
နှင့်သစ်လွင်သောပန်းချီကားတစ်ချပ်လိုပေ~

Gunကဆွယ်တာလိမ္မော်ရောင်ခပ်ပွပွတစ်
ထည်နဲ့ဘောင်းဘီအနက်ရောင်ပွပွကိုဝတ်ထားကာ
ရိုးရိုးရှင်းရှင်းရှင်းလေးပင် လိမ္မော်ရောင်
အနွေးအုပ်ထုတ်လေးပါစောင်းထားသေးသည်

ပုံစံလေးကရိုးတယ်ထင်ရပေမဲ့ မထိရက်စရာ
ကောင်းလောက်အောင်ချစ်စဖွယ်အတိကောင်လေး
ကို ဘယ်သူကမှအသည်းမယားဘူးဆို
လိမ်ရာကျမှာပေါ့

အရွက်သုတ်ပန်းကန်လေးကိုယူလာပြီးလာချတော့
စားပွဲပေါ်မှာအစားအသောက်တွေကအပြည့်
အကို Tay ကကင်မရာကိုသုတ်နေပြီး
အကိုကတော့ကျွန်တော့်ကိုပဲစိုက်ကြည့်နေတာ
နေ့လည်ကအဖြစ်အပျက်ကခေါင်းထဲရောက်လာ
တော့ပါးတွေကနွေးခနဲ အကို Tay
ဘေးမှာပဲဝင်ထိုင်ဖို့ဆုံးဖြတ်လိုက်တယ် မဟုတ်ရင်
အကို့ဘေးမှာထိုင်ရမှာကတစ်မျိုးပဲ

WISH ❄  (Completed )Where stories live. Discover now