အပိုင်း ၃

259 31 14
                                    

Zawgyi🎄

Gunတို့အိမ်ကဆွစ်ရဲ့နယ်မြို့နဲ့
မြို့ပြကြားမှာရှိနေတော့သွားလာရတာကအဆင်ပြေ
သလို ဆိတ်ငြိမ်တဲ့နေရာလေးမှာမို့ နေချင်စရာလေးပင်
ကားကိုအသုံးပြုမဲ့အစား အမြန်ရထားကိုပဲစီးကြပြီး
မြို့ကိုလည်ပတ်ကြဖို့်စိတ်ကူးရသည် မြို့တိုင်းကို
အလွယ်တကူသွားနိုင်တဲ့ဘူတာရုံနဲ့ရထားတွေက
အဆင်သင့်စွာနဲ့ရှိနေတာပဲ

ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ သက်တောင့်သက်သာရှိပြီး
အရှိန်ဖြင့်ပုံမှန်သွားနေသည့်ရထားက အပြင်ဘက်က
အအေးဒဏ်ကိုကာထားပေးသလိုနွေးနွေးထွေးထွေး
ရှိသည်။မနက်၁၀နာရီဆိုတဲ့အချိန်က မွန်းတည့်ပိုင်း
ကိုတရွေ့ရွေ့နဲ့ ကူးပြောင်းတော့မလိုရှိနေပေမဲ့
ဆောင်းဦးရဲ့နံနက်ခင်းက နေမင်းကြီးကို
တိမ်စိုင်တွေနဲ့ပိတ်ဆို့ထားသလို နေရောင်ခြည်က
တိမ်မြုပ်နေပြန်သည်။မြူစိုင်တွေအနည်းငယ်
ဝေ့ဝဲလျက်ရှိသည့် ချိုင့်ဝှမ်းလွင်ပြင်တွေနဲ့
လှမ်းမြင်နေရတဲ့ မြင့်မားတဲ့တောင်တန်းတွေကို
အမြန်ရထားပေါ်ကနေတစ်ဝကြီး ကြည့်ရှူ့ခံစားခွင့်
အပြည့်အဝရှိသည်။ရထားပေါ်ကလူတွေက ကိုယ့်
အသိသူ့အသိ သို့မဟုတ် တစ်ကိုယ်တည်း
သမား၊မိသားစုတွေ အားလုံးကကွဲပြားတဲ့ပုံစံနဲ့ရှိနေ
ကြသလို ဆင်းမဲ့မှတ်တိုင်နဲ့ဘူတာရုံတွေကလဲ
တူညီကြမှာမဟုတ်ဘူး။သို့ပေမဲ့ ဒုတိယတွဲ
မိသားစုဝိုင်းတွေ စားပွဲတစ်လုံး ခုံတန်းအရှည်နှစ်ခု
ပါဝင်တဲ့ဝိုင်းကလူငယ်လေးသုံးယောက်ကတော့
Lucerne မြို့ကိုဦးတည်ပြီး ရောက်ရှိမဲ့အချိန်ကို
စောင့်ဆိုင်းနေကြသည်။

ရင်သပ်ဖွယ်ရာကောင်းတဲ့ ရှူ့ခင်းတွေကို
အပြည့်အဝခံစားပြီးလွန်းလို့ ကျွန်တော့်ရဲ့မျက်လုံးအိမ်
ထဲကတောင်လျှံကျနေလောက်ပြီ သေလိုက်ပါတော့
ကျွန်တော်ခေါင်းအရမ်းလှည့်ချင်နေပြီ

Gun ကအပြင်ဘက်ကရှူခင်းတွေကိုငေးနေရင်း
စိုက်ကြည့်နေတဲ့ Off ရဲ့မျက်ဝန်းတွေကြောင့်
သူ့မှာတုပ်တုပ်မလှုပ်ရဲအောင်ဖြစ်နေသည်။နာရီဝက်
အင်း နာရီဝက်လောက်တောင်ရှိသွားပြီ မျက်ဝန်းနက်
နက်တွေကလည်းတည်တည်ငြိမ်ငြိမ် ရှိနေသလို
အရှေ့မှာထိုင်နေတဲ့အပြာရောင်ဆွယ်တာနဲ့
ကောင်လေးကလည်း တစ်စက်လေးတောင်လူပ်
ရှားမှုမရှိဘူး။နှစ်ယောက်လုံးကငြိမ်ငြိမ်သက်သက်
ရှိနေပေမဲ့ Tay ကတော့လူပ်လူပ်ရွရွ

WISH ❄  (Completed )Where stories live. Discover now