ဇာတ်သိမ်းပိုင်း

470 35 30
                                    

Zawgyi 🎄

အချိန်ရာသီတွေ အမျိုးမျိုးပြောင်းလဲကုန်သည်
တစ်နှစ်ပြီးတစ်နှစ် ၂၅နှစ်အရွယ်ကောင်လေးကလည်း
အခု၂၈ထဲကိုဝင်လာပြီ ပြောင်းလဲသွားတာတွေက
များသား အရာအားလုံးနီးပါးပါပဲ ဒီနေ့တော့
ဆံပင်ညှပ်ဆိုင်သွားမှဖြစ်မယ်ထင်ပါရဲ့ ဂုတ်နားကို
ထောက်နေပြီဖြစ်တဲ့ဆံပင်တွေဟာလွန်ခဲ့တဲ့သုံးနှစ်
ကထဲညှပ်ပစ်ခြင်းအလျင်းမရှိ အရမ်းမရှည်စေဖို့တိုတာ
ကလွှဲရင်မထိရက်ခဲ့ပါဘူး တစ်စုံတစ်ယောက်
နမ်းရှိုက်ခဲ့ဖူးသည့်ဆံနွယ်တွေကိုညှပ်ပြစ်ရမှာ
နှမျှောတသနဲ့

အိမ်ရဲ့အနောက်ဘက်ပန်းခြံလေးဆီမှာထိုင်ရင်း
ကော်ဖီတစ်ခွက်ကိုဇိမ်ကျကျသောက်နေသည်
ချောကလက်တွေကိုဖြတ်ပစ်ခဲ့တာ အတော်ကြာပြီ
ဖြစ်နိုင်ရင်အညိုရောင်ဆံနွယ်တွေအား အမဲရောင်ပြောင်း
ပြစ်ချင်သေးသည် ဆံနွယ်အရှည်ကိုအပေါ်တစ်ဝက်
သိမ်းစီးထားပြီးရှေ့ဆံပင်များကိုကပိုကရိုလေးချ
ထားသည် ကျဆင်းနေသောနှင်းများဆီမှအကြည့်လွှဲ
၍စားပွဲပေါ်ကစာအုပ်တစ်အုပ်ကိုယူဖတ်မိသည်
ဇာတ်သိမ်းဟာမလှ မလှတဲ့ဇာတ်သိမ်းများအားသူ
ကြိုက်သည် အပန်း​ရောင်ဆွယ်တာက လည်ပင်း
ဟိုက်သည် အစိမ်းရောင်
မာဖလာလေးကခရစ္စမတ်လတိုင်းသူ့အလှတွေ
ကိုပံ့ပိုး​နေရဲ့ အလှမဟုတ်ဘူး လွန်ရာကျမှာပေါ့
သူဟာယောကျာ်းတစ်ယောက် မေးရိုးတွေဟာ
ယောကျာ်းဆန်ဆန် နူတ်ခမ်းမွေးရေးရေးလေးတွေ
သူ့ဆီမရှိဘူး အဲ့အစားနူတ်ခမ်းလှလှလေးတော့ရှိတယ်
မျက်ဝန်းတွေဟာခဲရောင် သူဟာအရုပ်လေးလို
အကိုကြိုက်တဲ့မျက်ဝန်းညိုညိုတွေကိုဖုံးကွယ်ထားတယ်
အကို....အကို......သိပ်လှတဲ့နာမ်စားလေးနဲ့
သိပ်လှတဲ့ဒဏ်ရာ

စာရွက်ကိုတစ်ရွက်ထပ်လှန်လျှင် အနည်းငယ်တွန့်
ကြေနေသည် ပြဲထားတဲ့အရာများနဲ့စာရွက်ဟာစိတ်ဝင်
စားစရာကောင်းသည် ဇာတ်လမ်းရဲ့အကြိုက်ဆုံးအပိုင်း
နောက်ဆုံးနေရာ ဇာတ်လိုက်နှစ်ယောက်ရဲ့အချစ်ဟာ
အလွန်ဝေးကွာနေသည် မမုန်းသော်ညား မချစ်ကြ
အဆုံးသတ်ကခွဲခွာခြင်းပဲ အတွေးရိပ်ထဲဖြတ်ခနဲ
ပေါ်လာတာကလက်ချောင်းသွယ်သွယ်တွေ
စာအုပ်တွေကိုလှန်လိုက်တဲ့အခါလူပ်ခတ်သွားတဲ့
လက်ဖျားတွေ အကိုဒီစာအုပ်ကိုဖတ်ခဲ့သည်
အကိုဒီအတိုင်းပဲလိုက်လုပ်ခဲ့တာလား မပြောနဲ့
အကိုကျွန်တော်နဲ့မပျော်ခဲ့ရတာက ဒီစာအုပ်ကြောင့်လို့

WISH ❄  (Completed )Where stories live. Discover now