🌻 Eposide.5 🌻Unicode

1.7K 47 0
                                    

ခြည် အိပ်ယာနိုးလာတော့ ခြည့်ကိုယ်ကို တင်းကြပ်စွာ ဖက်အိပ်နေသည့် ဦးရဲ့မျက်နှာကို မော်ကြည့်လိုက်ပြီး မျက်နှာပေါ်ကအစိတ်အပိုင်းလေးတွေကို ထိကြည့်နေမိသည်။

မျက်ခုံးတန်းနက်နက်လေးတွေ နှာတံချွန်ချွန်လေးတွေ နီရဲပြီးသေသပ်ပိရိတဲ့ နှုတ်ခမ်းတစ်စုံနဲ့ မေးရိုးကားကားလေးက အရမ်းကိုလိုက်ဖက်ပြီး ခန့်ညားလေသည်။

ဦးရဲ့ နှာခေါင်းထိပ်လေးကို လက်ညိုးဖြင့်ဖွဖွလေးထိပြီး ပြုံးလိုက်မိသည်။

💭 ချောလိုက်တာ... 💭

ခြည်ကိုယ်ပေါ်မှ ဦးရဲ့လက်ကို ဖြုတ်ပြီး မအိပ်ချင်တော့တာကြောင့် ထထိုင်ပြီး စားပွဲပေါ်မှ Alarm နာရီလေးကိုကြည့်လိုက်တော့ မနက်၅နာရီ...

ဖြာကျနေသည့် လှိုင်းတွန့်ဆံနွယ်လေးများကိုထုံးဖွဲ့လိုက်ပြီး ရေချိုးခန်းထဲဝင်၍ ကိုယ်လက်သန့်စင်ကာ မီးဖိုချောင်သို့ဆင်းလာခဲ့လိုက်သည်။

''သမီးခြည် ဘာလိုလို့လဲ ''

''ခြည် အိပ်မပျော်တော့လို့ ဆင်းလာခဲ့တာ ဒေါ်ကြီးကို ဝိုင်းကူမယ်လေ ''

''မလိုပါဘူး သမီးခြည်ရယ် ဒေါ်ကြီးက ဒါတွေ လုပ်နေကျပါ အိပ်ရေးဝအောင်သာ ပြန်သွားအိပ်လိုက်သွား တော်ကြာ သခင်လေးနိုးလာလို့ သမီးခြည်မရှိရင် လိုက်ရှာနေပါဦးမယ် ''

''ဦးက မရှာလောက်ပါဘူး ခြည်ဘယ်မှ သွားမှာမှ မဟုတ်တာ နော်ပါ ခြည်ကူလုပ်ချင်လို့ပါ ''

''ဟုတ်ပါပြီ ဒါဆို ကြက်သွန်တွေ အရင် အခွံနွှာလိုက်နော် ''

''ဟုတ် ဟီး ''

ဒေါ်ကြီး သမီးခြည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

ဆံပင်ရှည်တွေကို ခေါင်းမှာအကုန်ထုံးဖွဲ့ထားတာကြောင့် ပန်းရောင်သန်းနေသည့် မျက်နှာနုနုရှင်းရှင်းလေးက အလွန်ချစ်ဖို့ကောင်းလေသည်။

အဲလို မျက်နှာနဲ့ ဘေးမှာ လာချွဲနေမှ တော့ဘယ်သူကခံနိုင်မှာလဲ

သခင်လေးဆိုလည်း သည်းသည်းလှုပ်နေမှာပဲ...

ဒေါ်ကြီးလည်း တွေးလက်စကိုရပ်ကာ မနက်စာအချိန်မှီဖို့ စတင်ပြင်ဆင်လိုက်သည်။

🌻 My Own Light 🌻 (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ