🌻 Eposide.2 🌻 Zawgyicode

93 7 0
                                    

''ဟင်... ရှင်ကဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ ''

''မင်းပြောကြည့်လေ ''

''ခုနကရှင် ခြည့်ကိုဘာပြောလိုက်တာလဲ ''

''.......''

''ဒီမှာ ရှင် ကျွန်မကို ဘာပြောလိုက်တာလဲ လို့မေးနေတယ်လေ ''

ခြည် မေးတာကို မဖြေဘဲ အခန်းထဲဝင်သွားတဲ့ သူကြောင့် ခြည်ပါဝင်သွားမိတော့ ရုံးခန်းဖြစ်နေလျက် ဒါ့အပြင်သူက အလုပ်စားပွဲနံဘေးက ဆုံလည်ထိုင်ခုံပေါ်ထိုင်လိုက်တော့

💭 ဒီလူကြီး က Company ပိုင်ရှင်များလား💭

''မင်းကို interview အောင်ပြီလို့ပြောလိုက်တာလေ ဒီနေ့ကစ အလုပ်ဆင်းလို့ရပြီ ''

💭 ဒါဆိုတကယ်ပဲ ဒီလူကြီးက ဒီကပိုင်ရှင်ပေါ့ သူနဲ့ ထပ်မပတ်ချင်တော့ပါဘူးဆို တိုက်ဆိုင်ပြီး လာတွေ့နေရတာလို့
အာ တိုက်ဆိုင်နေလဲ ဘာအရေးလဲ သူခန့်လိုက်ပေမယ့် ငါမလုပ်လည်းရတာပဲလေ 💭

''ရှင့် Company ဆိုတာ ခြည်မသိခဲ့လို့ အခု သိလိုက်ပြီဆိုတော့ ခြည်မလုပ်နိုင်တော့ဘူး တစ်ခါထဲ အလုပ်ထွက်ပါရစေ ''

''မင်း ဒီအခန်းထဲက ခြေတစ်လှမ်းထွက်လိုက်နဲ့ ဘယ်နေရာမှာမှ အလုပ်ရှာလို့မရအောင် ကိုယ်လုပ်နိုင်တာသိထားနော် ''

ခြည် အပြင် ထွက်ဖို့ လှည့်လိုက်တာနဲ့ အနောက်ကပြောလိုက်တဲ့ ထိုလူကြီးရဲ့ စကားကြောင့် ရပ်နေမိသည်။

ဒီCompany ပိုင်ရှင်က အာဏာကြီး တယ်ဆိုပေမယ့် အဲလောက်အာဏာရှိတယ်လို့ မထင်မိပေ

''ကိုယ်နောက်နေတယ် မထင်နဲ့နော် မင်းပြန်ထွက်သွားတာနဲ့ ကိုယ်အတည်လုပ်မှာ ''

ခြည် သူထိုင်နေတဲ့ စားပွဲအရှေ့သွားရပ်လိုက်ကာ

''ဒီမှာ ရှင်ခြည် တို့ ထပ်မတွေ့တော့ဘူးလို့ပြောထားတယ်လေ ရှင်နဲ့ခြည်နဲ့ အတူတူရှိနေလို့ ပတ်သက်ဖူးတာကို သိသွားကြရင် ဘယ်လိုလုပ်မှာလဲ ရှင့်အတွက်လည်း မကောင်းဘူး ကျွန်မအတွက်လည်းမကောင်းဘူး ရှင်နဲ့ကျွန်မနှစ်ယောက်စလုံး နာမည်ပျက်ကြမှာလေ ဟုတ်တယ်မလား ''

''ဟင်... ရှင် ဘာလို့ရှေ့တိုးလာတာလဲ ''

ထိုင်နေရာမှ ထလာပြီး ခြည့်ရှေ့တိုးကာလာနေတဲ့ လူကြီးကြောင့် အော်လိုက်ပေမယ့် သူကတော့ရှေ့တိုးလာဆဲပင် ..

🌻 My Own Light 🌻 (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ