🌻 Eposide.8 🌻 Unicode

1.5K 39 0
                                    

မနက်ခင်း ကျေးငှက်တို့ရဲ့ တွန်ကျူးသံနဲ့အတူ ပြတင်းပေါက်မှ တဆင့်ဝင်လာသည့် နေရောင်ကြောင့် ခြည်မျက်လုံးဖွင့်လိုက်တော့ ဦးစွာမြင်ရသည့်အရာက ဦးရဲ့ ရင်ခွင်ကျယ်ကြီးဖြစ်နေတာကြောင့် ခြည်သဘောကျစွာပြုံးလိုက်မိသည်။

ထို့နောက် မေးဖျားပေါ်က စိမ်းဖန့်နေသည့် အရာတွေကို လက်ဖြင့်တို့ထိကြည့်နေမိပြန်သည်။

ဦးညကဘယ်ချိန်ပြန်ရောက်တာလဲတောင်မသိလိုက်ပေ ခြည်အိပ်ပျော်သွားမိတာ

ခြည့် ခန္ဓာကိုယ်ပိုမိုတင်းကျပ်လာသည့်ခံစားချက်ကြောင့် မော့ကြည့်လိုက်တော့ ဘယ်ချိန်ထဲကို နိုးပြီး ခြည်ကိုကြည့်နေသည်မသိ

ဦးမေးဖျားပေါ်မှခြည့် လက်ကိုအမြန်ရုတ်ကာ သွားတွေပေါ်အောင်ပင် ရီပြလိုက်၏။

''ဘာလို့အရမ်းဖက်နေတာလဲ ခြည်ခါးကျိုးတော့မယ် ''

''ခါးတော့မကျိုးလောက်ပါဘူးကွာ ကိုယ့်ချစ်မဝလေးကို ကိုယ်ကအဲလိုဖြစ်အောင်လုပ်ပါ့မလား ''

''မနက်မိုးမလင်းသေးဘူး အပိုတွေစလာပါပြီ ''

''မပိုပါဘူး တကယ်ပြောတာ ကိုယ်ကိုအဖြေပေးတော့မလားဟင် ''

''ဟွန့် ပေးစရာလား ဘယ်သူကမနေ့ကပြော ဒီနေ့ချက်ချင်းအဖြေပေးလို့လည်း နောက်သုံးလေးလလောက်...ဟာ...''

''အဖြေမပေးသေးလည်း နမ်းလို့ရတယ်လေ လွတ်မယ်လို့ထင်နေတာလား ''

နှုတ်ခမ်းပေါ်ဖွဖွလေးနမ်းလာသည့်ဦးကြောင့် မျက်စောင်းမမည်သည့်မျက်စောင်းလေးနဲ့ကြည့်လိုက်မိသည်။

''အဲဒီအကြည့်တွေနဲ့ လူကိုအသေသတ်နေတာလား ဒီနေ့ဘာမှမသွားတော့ဘူး ဒီတိုင်းပဲ့နေတော့မယ် ''

''ဟာ မရပါဘူး မနေ့ကဦးပြောတော့ လျှောက်လည်မှာဆို ခြည်အပြင်သွားချင်တယ် ''

''တကယ်သွားချင်တာလား ''

''အင်း တကယ်သွားချင်တာ ''

''ဒါဆို အဖိုးအခတောင်းမှရမှာပေါ့''

ဦးစကာကြောင့် ရင်ခွင်ထဲမှ ခေါင်းမော့ကာ မကျေမနပ်ကြည့်လိုက်သည်။

🌻 My Own Light 🌻 (Completed)Onde histórias criam vida. Descubra agora