🌻 Eposide.10 🌻 Unicode

1.4K 35 0
                                    

ရန် အိပ်ယာမှနိုးချင်း ရင်ခွင်ထဲက ခြည်ကိုကြည့်မိတော့မနိုးသေး ပုံမှန်ဆို အရင်နိုးပြီး ရန်မျက်နှာကိုကြည့်ပြီး တစ်ခုမဟုတ်တစ်ခုလုပ်နေကြမလား ဒီနေ့တော့ အိပ်မောကျနေတာကြောင့် ပြုံးလိုက်မိသည်။

ထိုနောက် နဖူးကို ခပ်ဖွဖွနမ်းလိုက်တော့ ရန်မျက်ခုံးကျုတ်လိုက်မိသည်။

''ကိုယ်နွေးနေတယ်... ''

ရန်နဖူးကို လက်ဖဝါးဖြင့် ထပ်စမ်းကာ ပါးလေးတွေထပ်စမ်းကြည့်တော့လည်း ကိုယ်ပူနေတာကြောင့် စိတ်ပူလာရသည်။

''ကျစ်!! ဂရုစိုက်ဖို့ပြောနေတာတောင် နေမကောင်းဖြစ်တော့မယ် ''

ရန်လက်မောင်းထက်မှ ခေါင်းအုံးပေါ် အသာလေးရွှေ့ပေးကာ ရေချိုးခန်းထဲအရင်ဝင်လာလိုက်သည်။ပြီးရင် သူမလေးအတွက် မနက်စာပြင်ပေးရမည်။

''သခင်လေး ဘာလိုလို့လဲ ''

''ဒေါ်ကြီး ကျွန်တော်ကို ဆန်ပြုတ်လေးပြုတ်ပေးပါ ''

''သခင်လေးနေမကောင်းလို့လား ''

''ကျွန်တော်မဟုတ်ဘူး ခြည်ဖြစ်တာ ''

''ဟယ် သမီးခြည် နေမကောင်းဘူးလား ဘယ်လိုဖြစ်တာလဲကွယ် ''

''ညက ခြည်ခေါင်းလျှော်တာတွေ့လိုက်တယ် ဆံပင်မခြောက်ဘဲအိပ်တာထင်တယ် ကျွန်တော်လည်း ညကအလုပ်ရှုပ်နေတာနဲ့ သတိမထားမိလိုက်ဘူး အဲတာ အအေးမိတာနေမှာ ''

''သြော် ဂရုစိုက်မှပေါ့ကွယ် ခဏစောင့်နော် ဒေါ်ကြီးပြုတ်ပေးမယ် ''

''ဟုတ် ''

*************************************************

ရန် လက်ထဲက ဆန်ပြုတ်နဲ့ ဆေးခွက်တင်ထားတဲ့ ဗန်းကို ကိုင်ကာ အခန်းထဲဝင်လာတော့ ခြည်ကအိပ်နေတုန်းပင်

လက်ထဲက ဗန်းကို စားပွဲပေါ်တင်လိုက်ကာ ကုတင်ပေါ်ထိုင်ပြီး နဖူးပေါ် လက်တင်ကြည့်တော့ စောစောကထက် ပိုပြီးပူလာလာတာကြောင့် သက်ပြင်းအသာချကာ ခြည်ကို အိပ်ယာမှ နိုးရသည်။

''ခြည်....ခြည်....ခြည်....ခဏထဦး ''

''ဟင်... ''

''ခဏထလိုက်ဦး ''

🌻 My Own Light 🌻 (Completed)Tempat cerita menjadi hidup. Temukan sekarang