🌻 Eposide.4 🌻Zawgyicode

65 5 0
                                    

မျက်နှာပေါ် ကျရောက်လာတဲ့ အလင်းရောင်စူးစူးကြောင့် ရန်မျက်လုံးတွေ ဖွင့်လိုက်မိသည်။

လက်မောင်းပေါ်က လေးလံနေသည့် အရာကြောင့် ဘေးကို စောင်းငဲ့ကာကြည်လိုက်တော့ လက်မောင်းပေါ် ခေါင်းအုံးပြီး ရန်ဗိုက်ပေါ် လက်တင် ကာဖက်ပြီးအိပ်နေသည့် သူမလေးကြောင့် အပြုံးတစ်ပွင့် ဖြစ်ထွန်းလာရသည်။

ထို့နောက် မျက်နှာပေါ် ဖြာကျနေသည့် ဆံနွယ်တွေကို ဖယ်ရှားလိုက်ပြီး နဖူးပြင် ကျဉ်းကျဉ်းလေးကို ဖွဖွလေးနမ်းလိုက်တော့ မျက်ခွံလေးတွေ လှုပ်သွားတာမြင်တာကြောင့် ရန်နှုတ်ခမ်းတွန့်ကာပြုံးလိုက်မိသည်။

''ဟင် ဦး ဘာလုပ်မလို့လဲ ''

''အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးမလို့လေ ''

''ဘယ်.. ဘယ်သူက အိပ်ချင်ယောင်ဆောင်လို့လဲ ''

''သြော် ဟုတ်လား ''

''ဟုတ်တယ် ''

ခြည်တကယ်တော့ ဦးကခြည်ဆံပင်ကို သပ်လိုက်တော့ နိုးလာတာဖြစ်သည်။အနေမခက်ချင်လို့ အိပ်ချင်ယောင်ဆောင်နေတာကို နဖူးကို လာနမ်းတာကြောင့် ခြည်အားတင်းကာ မျက်လုံးတွေ ဆက်မှိတ်ထားလိုက်ပေမယ့်

ဘာသံမှ မကြားတော့ဘဲ လေငွေ့နွေးနွေးတွေရှုမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ခြည့် နှုတ်ခမ်းပါးဆီ နမ်းဖို့ဦးတည်လာနေသည့်ဦးကြောင့် ခေါင်းကို အနောက်ရွှေ့ကာ မေးလိုက်တာရသည်။

''ကဲ ပြောပါဦး ညက ဆိုဖာပေါ် အိပ်မလို့ဆို ဘယ်လိုလုပ် ကုတင်ပေါ်ရောက်နေရတာလဲ ''

''အဲတာက ဟို ဟို ''

''ဟင် ဘာဖြစ်လို့လဲ''

''အဲတာ ဦးကြောင့်လေ ဘာလို့ခြည်ကို ခြောက်တာလဲလို့ ခြည်ကြောက်တာသိရဲ့နဲ့ အကျင့်ယုတ်တာကို ''

''အဟွန်း မင်းလေးမှ ကိုယ်ကောင်းကောင်းခေါ်တာမလာတော့ ကိုယ်ကခြောက်ရတာပေါ့ မဟုတ်ဘူးလား ''

''မဟုတ်ဘူး ဖယ် ခြည့်ကိုလွှတ်တော့ ''

ခြည့်ခါးကို တင်းကြပ်စွာ ဖက်ထားတဲ့ ဦးရဲ့လက်တွေကြောင့် လက်ဖြင့်အတင်းဆွဲဖယ်ကာ လွှတ်ဖို့ပြောလိုက်ပေမယ့်

🌻 My Own Light 🌻 (Completed)Onde histórias criam vida. Descubra agora