🌻 Eposide.15 🌻 Unicode

1.5K 33 0
                                    

"ဟိန်းထက် ငါအဲဒီမိန်းမကို ဒီနိုင်ငံမှာ ခြေချနေတာ မမြင်ချင်ဘူး...ငါတို့ရှေ့မပေါ်လာအောင် ဒုက္ခပေးလို့မရအောင် မှတ်လောက်အောင် ခြိမ်းခြောက်လိုက်ပြီးမှ ထွက်သွားအောင်လုပ်ပါ....''

''........''

''အင်း ဟုတ်ပြီ...''

''ဦးရေ.....''

''ဒါပဲ ဟိန်းထက် ငါပြောတဲ့ အတိုင်းသေချာပါစေ ''

''ဦး ဘာလို့ ပြန်မထူးတာလည်း ခြည်ခေါ်နေတာကို.... အပြင်မှာ ဘာထွက်လုပ်နေတာလဲ အေးတယ်လေ...လာအထဲ ဝင်ရအောင်...ခြည့်ခဏလေးအပြင်ထွက်သွားတာကို...မျက်စိအောက်ကအပျောက်ခံကိုလို့မရဘူး.... ''

'' ကဲပါ ကိုယ့်ချစ်မဝလေးရယ် အပြင်ခဏလေးပဲထွက်တာပါကွာ ပြောနေလိုက်တာ အဟွန့်... အဖွားအိုပေါက်စလေးကျနေတာပဲ ''

ခြည်ဦးကို ကုတင်ပေါ်တင်ပေးလိုက်ကာ ခြည်ပါ တစ်ခြမ်းစောင်းထိုင်လိုက်ပြီး

''ဘာလဲ နားငြီးလို့လား မကြိုက်ဘူးလားပြော ခြည်က ဦးကို စိတ်ပူလို့ပြောတာကို ''

''ဘယ်ကမကြိုက်ရမှာလဲ ကိုယ်ကအရမ်းကြိုက်တာပေါ့ ဒါမယ့် ကိုယ့်ရဲ့ချစ်ကလေး မောနေမှာဆိုးလို့ ကိုယ်က စေတနာနဲ့ပါဗျာ...''

''ဟွန်းနော် အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်မှတ်ပါ....''

''ဟက်...တော်သေးတာပေါ့ အထောင်းမခံရတော့လို့ ...ဒါနဲ့ ဘယ်တော့မှ ဆေးရုံကဆင်းရမှာတဲ့လဲ ကိုယ်ဒီမှာချည်းလဲနေရတာ ပျင်းတယ် အလုပ်တွေလည်းပြစ်ထားရတာ ကြာပြီ...''

''သိပ်တော့မလိုတော့ပါဘူး ပြီးတော့ အလုပ်က စိတ်ပူမနေပါနဲ့ ဒယ်ဒီနဲ့ကိုဟိန်းထက်က ကူလုပ်ပေးနေပါတယ်...''

''ဟူး...''

ခြည်လည်း ဦးကို ကြည့်ကာ ခေါင်းခါရင်းပြုံးမိသည်။ဦးလိုအလုပ်နဲ့လက်မပြတ်တဲ့ လူမျိုးက ဆေးရုံမှာ နည်းနည်းအနေကြာလာတော့ပျင်းလာရောပေါ့....

ထိုစဉ် ခြည်ဗိုက်ပေါ်က အထိအတွေ့ကြောင့်ငုံကြည့်လိုက်တော့ ဦးရဲ့ လက်ဖဝါးဖြင့် ပွတ်သပ်နေတာပင်....

''ကလေးလေး ဒီထက်ကြီးလာရင် မေမေဗိုက်ထဲမှာ ငြိမ်ငြိမ်လေးနေရမယ်နော် မေမေပင်ပန်းအောင် မလုပ်ရဘူးနော်....''

🌻 My Own Light 🌻 (Completed)Donde viven las historias. Descúbrelo ahora