🌻 My Own Light🌻 Eposide 17 Zawgyicode end

1.3K 3 0
                                    

"ဦး ကောင်းကင်ပေါ်မှာ ကြယ်တွေအများကြီးပဲ လှလိုက်တာနော် ''

''အင်း ဟုတ်တယ် ဒါပေမယ့် ကိုယ်ရဲ့ နေရောင်ခြည်က ပိုလှတယ် ''

''အပိုတွေ အရမ်းပြောတာပဲ.....အခုကခြည်ကလှချင်လှနေဦးမှာပေါ့ နောက်ကျ ကလေးမွေးပြီး ဝတုတ်မကြီး ဖြစ်လာရင် ဘယ်လိုလုပ်မလဲလဲ ''

''ဘာဖြစ်လဲကွာ ကိုယ်က ခြည်ဘယ်လိုပုံပဲဖြစ်ဖြစ်ချစ်တယ်ဆိုတာသိတယ်မလား ဝတုတ်မကြီး ဖြစ်လည်းချစ်မှာ...''

''တကယ်ပြောတာနော် ဟွန့် နောက်ကျမှ အချိုးတွေပြောင်းမယ်မကြံနဲ့ ''

''မပြောင်းပါဘူးကွာ ကိုယ်ပြောပြမယ် ဟိုသီချင်းတောင်ရှိသေးတယ် ''

''ဘယ်သီချင်းလဲ...''

''အဟမ်း 🎶 ရုပ်ဆိုးလည်းချစ်မှာပဲ.... ရုပ်ချောလဲချစ်မှာပဲ.... ဖြူဖြူလေးလဲချစ်မှာပဲ.... မည်းမည်းလေးလဲချစ်မှာပဲ.... ပိန်ပိန်လေးလည်းချစ်မှာပဲ.... ဝလုံးလေးလည်းချစ်မှာပဲ... နင်အဘွားကြီးဖြစ်ရင်လည်း ဒီအဘိုးကြီးကချစ်မှာပဲ...🎶 ဘယ်လိုလဲ ကိုယ်လဲအဲသီချင်းထဲက အတိုင်းမင်းလေးကို ချစ်မှာပါဗျာ..''

ဦးဆိုပြလိုက်တဲ့သီချင်းကြောင့် သဲပြင်ပေါ်က ဦးလက်မောင်းပေါ် အိပ်နေရာမှ ထထိုင်လိုက်ကာ၊ ပြောတတ်လွန်းတဲ့ ဦးရဲ့ ရင်ဘတ်ကို တစ်ချက်ထုလိုက်၏။

''ဟော ကိုယ့်ကို ဘာလို့ထုတာလဲ ကိုယ်ကအမှန်တိုင်းပြောတာကို ''

''သီချင်းစာသားမှားနေလို့...''

''ဘယ်နေရာမှားလို့လဲ...''

''နင်အဖွားကြီးဖြစ်ရင်လည်းမဟုတ်ဘူး အဲနေရာမှားနေတယ်..''

''အဟွန့် ကိုယ်ကဘာများလဲလို့ ကိုယ်တမင်ပြောင်းလိုက်တာလေ တော်တယ်မလား ''

ခြည် ဦးကို မျက်စောင်းလေးထိုးလိုက်ကာ....

''တော်ပါတယ် တော်ပါတယ် အရမ်းကိုတော်လွန်းပါတယ်နော် ''

''အဟွန့် အဟွန့်...ကဲပါဗျာ လာကိုယ့်လက်မောင်းပေါ် ပြန်အိပ် ''

''ခြည်အဲလို အိပ်လို့ အိပ်ပျော်သွားရင် ဘယ်လိုလုပ်မလဲ ''

''အိပ်ပျော်သွားရင် ဘာစိတ်ပူစရာရှိလို့လဲကွာ ကိုယ်တစ်ယောက်လုံးရှိနေတာ ပွေ့သွားမှာပေါ့ မဟုတ်ဘူးလား ''

🌻 My Own Light 🌻 (Completed)Tempat cerita menjadi hidup. Temukan sekarang