''ကိုယ်လက်ခံတယ်..''
''ဟင် ဦး ဘာပြောလိုက်တာ လက်ခံလိုက်တာလား ''
''အင်း မနက်ဖြန် ရုံးမှာလက်မှတ်သွားထိုးကြတာပေါ့ ပြီးရင် ကိုယ့်ဒယ်ဒီနဲ့ တွေ့ဖို့ခေါ်သွားမယ် ''
''ဟုတ် ခြည်လဲ အဲလိုပဲလုပ်ချင်တယ် ဒါမယ့် ဦးရဲ့အဖေကျ ခြည့်ကိုသဘောကျပါ့မလား ''
''အဲအတွက် ဘာမှ စိတ်ပူစရာမလိုဘူး...အခုကားပေါ်တက်တော့ အိမ်လိုက်ပို့မယ် ''
''ဟုတ် ''
ဦးနဲ့ခြည်ကားပေါ်တက်လိုက်တာနဲ့ ကိုဟိန်းထက်က ခြည့်ရဲ့ တိုက်ခန်းဆီသို့ မောင်းလေသည်။
ခြည့်ရဲ့ အတွေးထဲ၌လည်း ခြည်ဆုံးဖြတ်တာ မှန်ရဲ့လားဟုသာ တွေးနေမိသည်။
စံအိမ်ရောက်လျှင် အခန်းထဲ ဝင်နားဖို့ပြင်လိုက်ပေမယ့် ဧည့်ခန်းထဲထိုင်နေတဲ့ ဒယ်ဒီကြောင့် ခြေလှမ်းပြောင်းကာ ဧည့်ခန်းထဲက ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
တွေ့ရဲ့သားနဲ့ ကျော်သွားရင်လည်း ဒယ်ဒီက နားပူအောင်ပြောဦးမှာ ထိုင်တော့လည်း သက်သာလား ဆိုတော့မဟုတ်ပါ
''ဘယ်ကပြန်လာတာလဲ တစ်နေ့တစ်နေ့ အလုပ်သွားလိုက် ဘားသွားလိုက်လိုက်နဲ့ အချိန်ကုန်နေတာ မင်းအသက်လည်း မင်းပြန်ကြည့်ဦး ၃၀ ကျော်နေပြီ ဒယ်ဒီလည်း အသက်ကြီးလာပြီ အရင်လို မကျန်းမာနိုင်တော့ဘူး မသေခင် မြေးချီသွားချင်တယ် ''
''ဒယ်ဒီကလည်း ဒါပဲ့ပြောနေတာပဲ စိတ်ချ မနက်ဖြန်ဒယ့်ဒီအတွက်ချွေးမခေါ်လာခဲ့မယ် မြေးလည်းချီရစေမယ် အခုတော့ ကျွန်တော် သွားနားလိုက်ဦးမယ် ''
''ဟေ့ကောင်ရန်ပိုင်ဦး ဘာပြောသွားတာလည်း သေချာအောင်ပြောသွားဦးလေ ''
''ဒီသားတစ်ယောက်နဲ့ စိတ်ညစ်ပါတယ် မိန်းမယူခိုင်းနေတာဖြင့် ကြာလှပြီ တစ်ခါမှ ယူမယ်လို့မပြောဖူးဘူး မနက်ဖြန်ခေါ်လာမယ်ဆိုတာ တကယ်များလား ဘယ်လိုမိန်းကလေးပါလိမ့် ဘယ်သူပဲ ဖြစ်ဖြစ်ပါ သားကိုချစ်ပြီး သားအနားတသက်လုံးနေမယ့် မိန်းကလေးမျိုးဆိုရင်သဘောတူပါတယ် ဒီသားကိုပဲ စိတ်ပူနေရတယ် မဟုတ်တာတွေ မလုပ်လာပါစေနဲ့ ''
ESTÁS LEYENDO
🌻 My Own Light 🌻 (Completed)
Romanceခြည်က ကိုယ့်အတွက် အချစ်ဦးဖြစ်သလို အချစ်ဆုံးလည်းဖြစ်တယ် ဒီကမ္ဘာပေါ်မှာ ခြည့်ကကိုယ့်အတွက် ရင်ထဲမှာအစိုးအမိုးနိုင်ဆုံးနဲ့ ကိုယ့်အသက်ထက် အချစ်ရဆုံးမိန်းကလေးဆိုတာ ယုံကြည်ပေးပါခြည်🌻