ခြည်ဒေါ်ကြီးအမေးကို ဘယ်လိုဖြေရမည်မသိစွာ
''ဟို....''
''ဒေါ်ကြီးဆိုလိုတာ သိတယ်မလား သမီးခြည် ''
''ဟုတ်...''
''ဒေါ်ကြီးခဏနေ အပြင်ထွက်ပြီး ဝယ်ခဲ့ပေးမယ် စစ်ကြည့်လိုက်နော် ''
''ဟုတ် ''
''တကယ်သာဆိုရင် သခင်လေးတော့အရမ်းဝမ်းသာမှာပဲ ''
💭 အမှန်သာဆိုရင် ဦးကတကယ်ဝမ်းသာမှာပါနော် 💭
''လာ အရင်ဆုံး ထမင်းစားရအောင် ''
''ဟုတ် ''
ခြည်နဲ့ဒေါ်ကြီး ထမင်းစားခန်းထဲသို့ပြန်ဝင်၍ ဟင်းအနံတွေကို သည်းခံကာ စားလိုက်ပြီး အခန်းထဲပြန်တက်လာလိုက်သည်။
''ဒေါက် ဒေါက် ဒေါက် ''
''ဟင် ဒေါ်ကြီးထင်တယ် ''
ခြည်အိပ်ယာပေါ်မှ အသာလေးထကာ တံခါးဖွင့်ပေးလိုက်သည်။
''သမီးခြည်ရော့ စစ်ကြည့်လိုက်နော် ဒေါ်ကြီး စောင့်နေမယ် ''
''ဟုတ် ဒေါ်ကြီး ဒီမှာထိုင်လိုက်နော် ''
''အင်းအင်း သမီးခြည် ''
ခြည်ဒေါ်ကြီးကို အခန်းထဲက ဆိုဖာပေါ် ထိုင်စေလိုက်ပြီး အခန်းတံခါးပြန်ပိတ်ကာ သန့်စင်ခန်းထဲဝင်လာလိုက်သည်။
ရင်တွေလည်း အရမ်းခုန်ပြီး လက်တွေလည်း အေးစက်နေလို့ပင် နောက်ဆုံး ခြည်အားတင်းကာ စစ်ကြည့်လိုက်တော့သည်။
စစ်တံကိုကိုင်ကာ လက်ဖြင့်ဖုံးထားတာကို မျက်လုံးဖွင့်၍ မရဲတရဲကြည့်လိုက်တော့ အနီရောင် မျဉ်းနီနှစ်ကြောင်း
ခြည်ခဏတာဆွံအပြီးနောက် ကပ်ချပ်နေသည့် ဗိုက်လေးကိုလက်ဖြင့်ပွတ်၍ မျက်ရည်ဥတွေဝဲသည်အထိ ခြည်ပျော်နေမိသည်။
ခြည့်မှာ ဦးရဲ့ရင်သွေးလေးရှိနေပြီ ခြည်ဘဝထဲ ဦးအပြင် နောက်ထပ် ဦးနဲ့ခြည်ရဲ့ ကလေးလေးပါထပ်ရောက်လာတော့မယ် ဦးသိရင် ပျော်လောက်တယ်မလားဟင်...
ခြည့် ကိုယ်ဝန်စစ်သည့်အတံကို ကိုင်ကာ ထွက်လာတော့ ဒေါ်ကြီးက ခြည့်အနားအမြန်ပင် ရောက်လာပြီး
VOCÊ ESTÁ LENDO
🌻 My Own Light 🌻 (Completed)
Romanceခြည်က ကိုယ့်အတွက် အချစ်ဦးဖြစ်သလို အချစ်ဆုံးလည်းဖြစ်တယ် ဒီကမ္ဘာပေါ်မှာ ခြည့်ကကိုယ့်အတွက် ရင်ထဲမှာအစိုးအမိုးနိုင်ဆုံးနဲ့ ကိုယ့်အသက်ထက် အချစ်ရဆုံးမိန်းကလေးဆိုတာ ယုံကြည်ပေးပါခြည်🌻