🎄All I want for Christmas🎄

1K 121 1
                                    

Bookနဲ့သက်သက်အရင်တင်ထားပေမဲ့ ဒါလည်း SUNGJAKE Oneshotပဲမို့ ဒီbookထဲလာစုထားချင်လို့ ပြန်တင်လိုက်တာပါ ဟိုဘက်ကBookကို နောက်ကျunpublishဖြစ်မလားမသိလို့ပါ

Unicode

" ပတ်ဆောင်းဟွန်းက ရှင်းမ်ဂျယ်ယွန်းကိုကြိုက်နေတာထင်တယ် "

" ရှင်းမ်ဂျယ်ယွန်းနဲ့ ဘယ်လိုအခြေအနေလဲ "

"ရှင်းမ်ဂျယ်ယွန်းကို ဘယ်တော့ဖွင့်ပြောမှာလဲ"

"ရှင်းမ်ဂျယ်ယွန်းနဲ့က တွဲနေတာမဟုတ်လား "

"ရှင်းမ်ဂျယ်ယွန်းကချစ်စရာလေးမလား Yes or Yes "

ရှင်းမ်ဂျယ်ယွန်း ...

ရှင်းမ်ဂျယ်ယွန်း ...

ရှင်းမ်ဂျယ်ယွန်း ...

မျက်စိရှေ့မှာ တစ်ခုချင်းဖြတ်သွားနေတဲ့ အကောင့်တစ်ခုတည်းကတင်ထားတဲ့ Instagram Story Mydayတွေက မပြီးဆုံးနိုင်သလို Story တစ်ခုချင်းစီမှာလည်း သူ့နာမည်က ထင်ထင်ရှားရှား မပါမဖြစ် ။

ဒါပေမဲ့ အခုဂျယ်ယွန်းဝင်ကြည့်နေတဲ့ အကောင့်က သူ့အကောင့်မဟုတ် ။

Ask me anything ဆိုပြီး Question Templateနဲ့ တင်ထားတဲ့ ဒီအကောင့်ရဲ့ပိုင်ရှင်ဟာ ဂျယ်ယွန်းမဟုတ်တဲ့ ပတ်ဆောင်းဟွန်း ။

Storyမှာ မေးထားတဲ့ ရှင်းမ်ဂျယ်ယွန်းချင်းထပ်နေတဲ့ Question Respondတွေကို အကောင့်ပိုင်ရှင်ဆောင်းဟွန်းတော့မသိ ။ ဂျယ်ယွန်းတောင် ဝင်ကြည့်ရင်းနဲ့ စိတ်ကုန်လာမိသလို ။


ဆောင်းဟွန်းက သူ့ဘာသာ Ask me Anything - Question templateလုပ်ထားတာကို မဆီမဆိုင် ဂျယ်ယွန်းနာမည်က အများကြီးပါနေရတဲ့အကြောင်းအရင်းက ဘာကြောင့်များပါလိမ့် ။

သေချာတွေးပြီးတရားခံရှာကြည့်ရင်တော့ တခြားမဟုတ် ။

အဲ့တာ ဂျယ်ယွန်းကိုယ်တိုင် ။ အာ မဟုတ်သေးဘူး ဆောင်းဟွန်းလို့ပဲပြောရမလား ။

ဇာတ်လမ်းကိုရှင်းရမယ်ဆိုရင်တော့ မနေ့ညနေကိုပြန်သွားရမည် ။






မနေ့က ဝပ်ရှော့ပို့ထားရတဲ့ကားလေးအစား ဂျယ်ယွန်း ကျောင်းကနေအိမ်ကိုပြန်ဖို့ ဘက်စ်ကားစီးဖို့ဖြစ်ခဲ့သည် ။

CRAYONS🦄 jakehoonHikayelerin yaşadığı yer. Şimdi keşfedin