Part 9

305 66 18
                                    

Part 9

*အခုမှ မဟုတ်ရင် နောက်ထပ် ဘယ်တော့မှ ထပ်တွေ့ရတော့မှာမဟုတ်ဘူး ချန်ယောလ်*

အွန်းဘီဆီက ဝင်လာတဲ့စာက ချန်ယောလ်ရဲ့ တုံ့ဆိုင်းနေတဲ့စိတ်တွေကို တွန်းအားတစ်ခုပေးလိုက်သလိုမျိုး ဖုန်းကိုချက်ချင်းကိုင်လိုက်မိသည်။ အင်ချွန်းလေဆိပ်ကိုသွားနေကြောင်းသိရတော့ အလိုလို ခြေလှမ်းတွေက လေဆိပ်ဆီသွားမိသည်။

"ချန်ယောလ်က မသွားနဲ့လို့ တစ်ခွန်းပဲပြောပေး
ငါက အရာအားလုံးကိုစွန့်လွှတ်ပြီး ချန်ယောလ်နားမှာပဲနေမယ်"

"နောက်ဆုံးအချိန်အထိ ချန်ယောလ်က ငါ့အတွက် မပြတ်သားပေးနိုင်သေးဘူးလား"

"လေယာဉ်ပေါ်ကိုရောက်တာနဲ့ ချန်ယောလ်နဲ့ငါရဲ့ဆက်ဆံရေးက ပြီးသွားပြီ"

"နောင်တမရပါစေနဲ့ ချန်ယောလ်"

အွန်းဘီက စကားတွေအများကြီး ပြောခဲ့ပေမဲ့ ချန်ယောလ်ဘက်ကတော့ *တောင်းပန်ပါတယ်* ဆိုတာကလွဲပြီး ပြန်မပြောခဲ့မိ။ အဲ့ဒီစကားအပြင်လည်း ထပ်ပြောစရာရှိမနေခဲ့။ လေယာဉ်ထွက်သွားသည်အထိ လေဆိပ်ထဲမှာပဲရှိနေခဲ့ပြီး အချိန်တော်တော်ကြာမှ အိမ်ကိုပြန်ရောက်သည်။

အိမ်မှာကျန်ခဲ့သောဖုန်းကို ယူကြည့်တော့မှ ဂျောင်ဆူးဖုန်းခေါ်ထားတာတွေ့သည်။ ကျွန်တော် ဂျောင်ဆူးကို အပြန်ကြိုပေးဖို့ပြောထားတာကို အိမ်ပြန်ရောက်မှ သတိရသည်။ နာရီကိုကြည့်တော့ ည ၇ နာရီပင်ထိုးနေပြီ။ ဂျောင်ဆူးက ကလေးမှမဟုတ်တော့တာ။ အချိန်တော်တော်စောင့်လို့မှမလာရင် သူပြန်လာမှာပေါ့။ အခုထိအိမ်မရောက်သေးတာ ဘတ်ခ်ဟျွန်းနဲ့တစ်နေရာရာရောက်နေလို့နေမှာပေါ့။

ခပ်ပေါ့ပေါ့အတွေးနဲ့ ချန်ယောလ်က ဂျောင်ဆူးကို စိတ်ပူရမဲ့အစား အိမ်မှာပဲ အရက်သောက်နေမိသည်။ နေ့တွေ ညတွေ ဘယ်လိုပြောင်းနေမှန်းမသိတော့လောက်အောင် သောက်လိုက်၊ အိပ်လိုက်၊ ပြန်နိုးလာရင် ပြန်သောက်လိုက်နှင့် သံသရာလည်နေသည်။ အွန်းဘီ မရှိတော့တဲ့အတွက် ချန်ယောလ် ပြိုလဲနေမှုက အွန်းဘီကြောင့် သီးသန့်ရော ဟုတ်ရဲ့လား။ ဂျောင်ဆူးကပါ ပြန်ရောက်မလာတာကြောင့်လားဆိုတာ မရေမရာပဲဖြစ်သည်။

The heart wants what it wantsWhere stories live. Discover now