Part 11

319 74 13
                                    

Part 11

ချန်ယောလ် ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်သည်အထိ ဘတ်ခ်ဟျွန်းကပဲ အစစ အရာရာကူညီပေးသည်။ ကြည်ကြည်သာသာတော့ မဟုတ်ပေမဲ့ ဂျောင်ဆူးကြောင့် ကူညီပေးနေမှန်း ချန်ယောလ်ရိပ်မိပါသည်။ ဘတ်ခ်ဟျွန်းနဲ့ချန်ယောလ် ဆက်ဆံရေးက အစကတည်းက ဂျောင်ဆူးနဲ့လောက်မရင်းနှီးသလို အဆင်ပြေခဲ့တာမှမဟုတ်တာ။

အိမ်ပြန်ရောက်လာသည်အထိ ပတ်တီးမဖြည်ရသေးသောကြောင့် တစ်ယောက်တည်း သွားလာလုပ်ကိုင်ဖို့ အခက်အခဲရှိသည်။ အိမ်မှာမတွေ့ရတဲ့ ဂျောင်ဆူးကိုလည်း ဘယ်ရောက်နေသလဲလို့ ဘတ်ခ်ဟျွန်းကို မမေးမိသလို ဘတ်ခ်ဟျွန်းကလည်း ဂျောင်ဆူးအကြောင်း တစ်ခွန်းမှ မဟပေ။ တစ်နေကုန်နီးပါး အိမ်မှာနေပြီး ချန်ယောလ်ကို ကူညီပေးနေတဲ့ ဘတ်ခ်ဟျွန်းက စကားကိုတစ်ခါမှ ချိုချိုသာသာမပြောပါ။

"မသေချင်ရင် စား"

"ငါမင်းကိုချစ်လွန်းလို့ လုပ်ပေးနေတယ်မထင်နဲ့ ငြိမ်ငြိမ်နေ"

"ဆေးပုံမှန်သောက် မင်းမြန်မြန်နေကောင်းမှ ငါအိမ်ပြန်လို့ရမှာ"

"ခြေထောက်ကောင်းသွားရင် စိတ်ကျန်းမာရေးဆရာဝန်လေးဘာလေးပြကြည့်ပါလား
မင်းစိတ်က ပုံမှန်တော့မဟုတ်ဘူး"

ဘတ်ခ်ဟျွန်းပြောတဲ့စကားတွေကို ချန်ယောလ်က စိတ်မဆိုးမိသလို ဘယ်လိုမှကို မနေပါ။ ကျွန်တော်က မှားခဲ့တာပဲ။ ကျွန်တော့်ခံယူချက်နဲ့ကျွန်တော်ဆိုရင်တောင် ဂျောင်ဆူးအပေါ် စကားပြောလွန်သွားမှန်းကျွန်တော် သိပါသည်။ အဲ့ဒါကြောင့်ပဲ ဘတ်ခ်ဟျွန်းက ကျွန်တော့်ကို စိတ်ဆိုးနေတာနေမှာပါ။

ဘတ်ခ်ဟျွန်းက ကျောက်ပတ်တီးဖြေပြီးတဲ့အထိ ကျွန်တော့် အိမ်မှာနေပေးပြီးနောက် အိမ်ခဏပြန်သွားသည်။ ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့သည့်အိမ်က ခြောက်ကပ်ကာ အထီးကျန်လှသည်။ ရာသီဥတုကလည်း အေးနေသောကြောင့် ခြေထောက်က အနည်းငယ်ကိုက်နေသည်။

ရေနွေးအိတ်ကပ်ရန်နှင့်ဆေးထည့်ရန်စိတ်ကူးပြီး အားယူကာ မတ်တပ်ရပ်လိုက်‌ေသာ်လည်း ကျွန်တော့်ခြေလှမ်းက ဘယ်ကိုလှမ်းရမလဲ ကျွန်တော်မသိ။ ရေနွေးအိတ်က ဘယ်နားမှာလဲ။ ဆေးသေတ္တာကရော ဘယ်နားမှာလဲ ကျွန်တော်မသိပါ။ ကျွန်တော့်ထက်စာရင် အိမ်ရှင်မဟုတ်တဲ့ ဘတ်ခ်ဟျွန်းကသာ အိမ်ကပစ္စည်းတွေ ဘယ်နား ဘာရှိသလဲဆိုတာ သိနေသေးသည်။

The heart wants what it wantsWhere stories live. Discover now