Part 1
အဖြူရောင်က အချိန်ကြာတဲ့အခါ အရောင်ပြောင်းတတ်လေသလား...
🍀
"မင်္ဂလာပါ ကျွန်တော့်နာမည် ဒိုဂျောင်ဆူးပါ
(...) အထက်တန်းကျောင်းကနေ ပြောင်းလာတာပါ
ရှေ့လျောက်လိုအပ်တာတွေ ကူညီပေးကြပါဦး"နေရာအသစ် ကျောင်းအသစ် အတန်းအသစ်မှာ ပြုံးပြီးနှုတ်ဆက်လိုက်ပေမဲ့ ဂျောင်ဆူးစိတ်တွေလေးလံနေသည်။ တကယ်ဆို ဒီနေရာကနေ အဝေးကို ပြေးထွက်သွားလိုက်ချင်သည်။ ပင်လယ်နဲ့ ကမ်းပါးပေါ်ကချယ်ရီပင်ကြီးရှိတဲ့နေရာ၊ ဆံပင်နီညိုရောင်လူသားရှိတဲ့နေရာ၊ နွေးထွေးတဲ့အငွေ့အသက်တွေ ရှိတဲ့နေရာကို ပြေးထွက်သွားချင်သည်။
လွမ်းတယ်...လွမ်းတယ် ချန်ယောလ်။
မင်းကိုခွဲသွားလို့ ငါ့ကိုစိတ်ဆိုးနေမလား ချန်ယောလ်။ မင်းကြိုက်တဲ့ဟင်းတွေချက်ကျွေးပြီးပဲဖြစ်ဖြစ်၊ တောင်ကုန်းပေါ်မှာ စွန်လွှတ်ရင်းပဲဖြစ်ဖြစ် မင်းဆီကို ပြေးလာပြီး ချော့ချင်သေးတယ်။"သူငယ်ချင်းကို နေရာပေးလိုက်ပါဦး"
အတန်းပိုင်ဆရာမရဲ့ စကားအဆုံးမှာ ဝုန်းခနဲ ထရပ်လိုက်တဲ့ ဖြူဖြူသေးသေး ကျောင်းသားတစ်ယောက်က ဂျောင်ဆူးကို သူ့နားလာဖို့ လက်ဟန်ပြနေသည်။ သဘောကောင်းမဲ့ပုံဖြစ်သောကြောင့် အနည်းငယ်တော့ စိတ်သက်သာရာရပါသည်။ ပင်လယ်မြို့လေးကနေ ဆိုးလ်ကိုပြောင်းလာတဲ့ ဂျောင်ဆူးက အလကားနေရင်း ထိတ်လန့်အားငယ်နေတတ်သူတော့ မဟုတ်ပေမဲ့ စိမ်းသက်နေတဲ့နေရာမှာ အနည်းငယ်တော့ စိတ်မသက်မသာဖြစ်နေတာအမှန်ပင်။ ခပ်နွေးနွေး ကိုယ်ငွေ့တစ်ခုပျောက်နေတာလည်း ပါကောင်းပါနိုင်သည်။
"ဒိုဂျောင်ဆူးနော်... လာ ငါ့နားထိုင်"
နောက်ဆုံးတန်းမှာထိုင်နေတဲ့ ကျောင်းသားက သူ့ဘေးက ခုံကိုသေချာဆွဲထုတ်ပေးရင်းပြောလာသည်။ ဂျောင်ဆူးက ပုံမှန်ဆို သူငယ်ချင်းလွယ်လွယ်ဖွဲ့တတ်သူမဟုတ်သောကြောင့် အနည်းငယ်စိတ်ထင့်ခဲ့ပေမဲ့ နွေးထွေးစွာကြိုဆိုသူရှိလို့ တော်ပါသေးသည်။ အမြဲ ချန်ယောလ်ဘေးနားမှာ နေခဲ့တာဆိုတော့ အရင်ကဆို သူငယ်ချင်းဖွဲ့ဖို့ စိတ်ကူးသေးသေးလေးတောင် ဂျောင်ဆူးမှာ ရှိမနေဖူးပေ။
KAMU SEDANG MEMBACA
The heart wants what it wants
Fiksi Penggemarနှလုံးသားက သူ့အလိုအတိုင်းရွေးချယ်တာမို့ ကျွန်တော်တို့မှာ လွန်ဆန်ခွင့်မရှိ.... Chansoo 🐯🐧 (Unicode + Zawgyi)