Part 5

309 66 13
                                    

Part 5

ချန်ယောလ်နဲ့ ပုံမှန်ဆက်ဆံရေးအတိုင်းပြန်ဖြစ်သွားပြီး ဆိုးလ်ကိုပြန်တော့ ချန်ယောလ်အိမ်က တက္ကသိုလ်နဲ့အနီးမှာ တိုက်ခန်းငှားနေရန် စီစဉ်ပေးသည်။ ဂျောင်ဆူးကိုလည်း အတူလာနေဖို့ ချန်ယောလ်အတင်းပူဆာနေသောကြောင့် အိမ်ကိုခွင့်တောင်းပြီး ချန်ယောလ်နဲ့ အတူတူနေဖြစ်သည်။ကျောင်းမဖွင့်ခင်တစ်ပတ်လောက်ကတည်းက ပြောင်းနေကြပြီး ပစ္စည်းနေရာချတာနဲ့ လိုအပ်တာတွေဝယ်ဖို့အတွက် ဘတ်ခ်ဟျွန်းကပါ လာကူပေးသည်။ တက္ကသိုလ်အတွက် ဘာသာရွေးတော့ ချန်ယောလ်က စီးပွားရေးမေဂျာ ကိုရွေးပြီး ဘတ်ခ်ဟျွန်းနဲ့ ဂျောင်ဆူးက သင်္ချာမေဂျာ ကိုရွေးဖြစ်ကြသည်။ အမြဲတူတူရှိချင်ပေမဲ့ တစ်ဝန်းထဲ တက်ရမည်ဆိုတော့ ကိုယ်ဝါသနာပါရာကိုသာ လွတ်လွတ်လပ်လပ်ရွေးလိုက်ကြသည်။

ပစ္စည်းတွေနေရာချပြီး နေ့လည်စာစားဖို့ ဂျောင်ဆူးဟင်းချက်နေတော့ ဘတ်ခ်ဟျွန်းက အနားမှာနေရင်း ကူပေးနေသည်။ ချန်ယောလ်ကတော့ ဟင်းချက်တာ၊ အိမ်ရှင်းတာ ဘာမှမလုပ်ချင်ဘဲ အေးအေးဆေးဆေးနေချင်သူသာဖြစ်သည်။

"ဆူးလေး"

"ဟင်"

"ယောက်ျားတွေရဲ့အချစ်က အစာလမ်းကြောင်းကနေ လာတာတဲ့
ချန်ယောလ်ကို ဟင်းတွေချက်ကျွေးပြီး မင်းကိုချစ်လာအောင် ဆွဲဆောင်ပစ်"

"မဟုတ်တာကပြောပြီ"

"တကယ်ပါဆို"

"အဲ့လိုသာဆို သူငါ့ကိုချစ်တာကြာပြီပေါ့
အရင်ကတည်းက ဟင်းချက်ကျွေးနေတာပဲကို"

"ဟာ အခုနဲ့က တူမလား
အခုက တူတူနေတာလေ မနက် နေ့လည် ည အကုန်မင်းလက်ရာတွေနဲ့ချည်းပဲ ပြည့်နေအောင်လုပ်ထား
အပြင်စာမဟုတ်ဘဲ ဆူးလက်ရာမှ ဆူးလက်ရာဖြစ်အောင်အထိ ဆွဲဆောင်ပစ်"

"တစ်ချိန်လုံးချက်ပြုတ်နေရအောင် ငါက အိမ်ရှင်မလည်းမဟုတ်ဘူး"

"အေးနော် ဟီးဟီး"

အိမ်ရှေ့ခန်းမှာ ဖုန်းသုံးနေတဲ့ ချန်ယောလ်က မီးဖိုခန်းထဲကို ခဏခဏလှမ်းကြည့်မိသည်။ ကိုယ်က ချက်တာပြုတ်တာလုံးဝ စိတ်မပါလို့သာ ကူမလုပ်ပေးတာ ဂျောင်ဆူးနားကပ်နေတဲ့ ဘတ်ခ်ဟျွန်းကိုတော့ သဘောမကျပါ။ တခြားမိန်းကလေးတစ်ယောက်ဆို ဂျောင်ဆူးနားမရောက်အောင် ဖြတ်တွဲလိုက်လို့ရပေမဲ့ ဘတ်ခ်ဟျွန်းကိုတော့ ယောက်ျားချင်းဖြတ်မတွဲချင်ပါ။

The heart wants what it wantsDonde viven las historias. Descúbrelo ahora