Final
သည်းကြီးမဲကြီးရွာနေတဲ့ မိုးစက်တွေထဲ နက်ပြာရောင်ထီးခပ်ကြီးကြီးကိုဖွင့်ထုတ်လိုက်သည်။ လမ်းမပေါ် ခြေချလိုက်တာနဲ့ အဖြူရောင်ရှုူးဖိနပ်တွေရော ဂျင်းဘောင်းဘီအဖျားတွေပါ စိုသွားသည်အထိ မိုးကသည်းသည်။ ခပ်မြန်မြန်လှမ်းနေတဲ့ခြေလှမ်းတွေက အိမ်အနီးအနားက ကော်ဖီဆိုင်တစ်ခုဆီသို့။
ဂျောင်ဆူးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း ထွက်လာတာဆိုပေမဲ့ ချန်ယောလ်က လာရင်းကိစ္စကို မြန်မြန်ဖြတ်ပြီး မြန်မြန်ပြန်ချင်သည်။ သူတကယ်ကို အချိန်အများကြီးမပေးချင်သောကြောင့် အွန်းဘီကို အိမ်နားကကော်ဖီဆိုင်မှာသာချိန်းထားတာဖြစ်သည်။ အွန်းဘီအပေါ်ရော ဂျောင်ဆူးအပေါ်ရော အားနာစရာတွေများခဲ့တဲ့ချန်ယောလ်က ဂျောင်ဆူးအနားမှာတစ်သက်လုံးရှိသွားဖို့ဆုံးဖြတ်လိုက်ပြီးနောက် အွန်းဘီကို နောက်ဆုံးအနေနှင့်တွေ့ပေးရန်လည်း ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။
နှစ်နှစ်လောက် မတွေ့ရတဲ့အွန်းဘီက ဘာမှအပြောင်းအလဲမရှိ အရင်အတိုင်း မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းထူထူ ဆံပင်ကုတ်ဝဲလေးပင်ဖြစ်သည်။ ဂျောင်ဆူးနဲ့တူလွန်းသော မျက်နှာအစိတ်အပိုင်းတွေ ပိုင်ဆိုင်ထားတာကိုက အပြစ်လား ဂျောင်ဆူးနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာက အပြစ်လား
ဘာကြောင့်ပဲဖြစ်ဖြစ် ဂျောင်ဆူးဆိုတဲ့အကြောင်းပြချက်နဲ့ ချန်ယောလ်က အွန်းဘီကိုပတ်သက်ခဲ့ပြီး ဒဏ်ရာတွေရစေခဲ့တာဖြစ်သည်။ ချန်ယောလ်သာ စောစောကတည်းက ကိုယ့်စိတ်ကိုသိခဲ့ရင် ကိုယ့်ဖြစ်တည်မှုကို လက်ခံနိုင်ခဲ့ရင် ဘယ်သူမှ နာကျင်စရာတွေကြုံရမှာမဟုတ်ပေ။"မတွေ့တာကြာပြီ ချန်ယောလ်"
"နေကောင်းတယ်မလား"
"အင်း ငါခဏပဲပြန်လာတာပါ
နောက်တစ်ပတ်ဆိုပြန်မှာ အမျိုးသားနဲ့တူတူ မိဘတွေဆီ ခဏလာလည်တာ""အဆင်ပြေနေလို့တော်သေးတာပေါ့"
အွန်းဘီက သူ့ရှေ့မှာရှိနေတဲ့ကော်ဖီခွက် နှုတ်ခမ်းသားတွေကို လက်နဲ့ဖွဖွထိပွတ်နေသည်။
YOU ARE READING
The heart wants what it wants
Fanfictionနှလုံးသားက သူ့အလိုအတိုင်းရွေးချယ်တာမို့ ကျွန်တော်တို့မှာ လွန်ဆန်ခွင့်မရှိ.... Chansoo 🐯🐧 (Unicode + Zawgyi)