Part 16
ပိုးသတ်ဆေးနံ့ တသင်းသင်းရနေသော အခန်းထဲတွင် ဆရာဝန် သူနာပြုများ အလုပ်များနေကြသည်။ ချောင်းဆိုးရာတွင် သွေးပါသည်ဆိုသောကြောင့် နောက်တစ်ကြိမ် ဓာတ်မှန်ရိုက်ကြည့်ပြီး ပိုက်သွင်းကုသမှုပြုလုပ်ဖို့ ဂျောင်ဆူးကိုတိုက်တွန်းလာသည်။ ဒီကုသမှုပြီးရင်တော့ အရင်ထက်အဆပေါင်းများစွာ ပိုသက်သာသွားနိုင်သည်။
သီးသန့်မှန်ခန်းတစ်ခုထဲတွင် ခွဲခန်းဝတ်စုံဝတ်ဆင်ကာ ထိုင်နေသော ဂျောင်ဆူးကို ချန်ယောလ်နဲ့ ဘတ်ခ်ဟျွန်းက မှန်ခန်းအပြင်ကနေ စိတ်ပူစွာကြည့်နေကြသည်။ ခွဲစိတ်မှုအကြီးစားမဟုတ်သော်လည်း နံရိုးကြားထဲကို ပိုက်ထိုးသွင်းပြီးကုသမှာဆိုတော့ စိတ်ပူနေကြသည်။ အရမ်းနာပြီး အနေခက်သည်ဟုကြားဖူးကြသော်လည်း ထုံဆေးအကူအညီပါသောကြောင့်ပဲ တော်ပါသေးသည်။ ကံကောင်းစွာပဲ ဂျောင်ဆူးက ထုံဆေးနှင့်မတည့်သည့်သူမဟုတ်ပေ။
အရင်ရက်ကတည်းက ကြိုပြီးဓာတ်မှန်ရိုက်ကာ ပိုက်ထည့်မည့်နေရာကို သတ်မှတ်ထားပြီးသားဖြစ်သည်။ ခွဲခန်းဝတ်စုံကို တစ်ခြမ်းချွတ်လိုက်ကာ ဂျိုင်းအောက်နှင့် နံရိုးရှိရာတစ်လျှောက်ကို အရက်ပြန်နှင့် သန့်စင်သည်။ ထုံဆေးထိုးပြီးနောက်ပိုင်း ပိုက်ထိုးဖို့အပေါက်ဖောက်တာ ပိုက်ထည့်တာတွေကို မျက်ရိပ်နှင့်မြင်နေရသော်လည်း နာကျင်မှုတော့ မခံစားရပါ။ အဆုတ်ထဲက ခပ်ဝါဝါအရည်တွေကျလာပြီး အခြေအနေတည်ငြိမ်သွားသည်အထိ စောင့်နေပြီးမှ ပုံမှန်လူနာခန်းထဲ ပြန်ပြောင်းရသည်။ ဒီလို ပိုက်တန်းလန်းနဲ့ ရက်ပိုင်းလောက်တော့ ဆေးရုံမှာနေရမည်။ ပြီးရင်တော့ ပိုက်ပြန်ထုတ် ဖောက်ထားတာပြန်ချုပ်ပြီးရင် အရင်လိုပြန်နေနိုင်ပြီဖြစ်သည်။
ဆေးရုံတက်နေသည့်တစ်ပတ်နီးပါး နေ့တိုင်း ပိုက်နေရာကို စစ်ဆေးတာ ပိုးသတ်တာ နေ့စဉ်လုပ်ရသည်။ ပိုက်ထုတ်သည့်အချိန်တွင်အနည်းငယ်နာကျင်သလိုခံစားရပေမဲ့ မခံမရပ်နိုင်အောင် နာတာမျိုးတော့မဟုတ်။ ဖောက်ထားသည့်နေရာကို အတတ်နိုင်ဆုံး အရာမကျန်အောင်တော့ ချုပ်ပေးကြပါသည်။ တစ်ချိန်လုံးအနားမှာ လိုတာမှန်သမျှ အရိပ်တကြည့်ကြည့်လုပ်ပေးနေသော ချန်ယောလ်ကြောင့် အနားမကပ်ရသည့် ဘတ်ခ်ဟျွန်းက ခပ်ဝေးဝေးကနေ စူပုတ်ပြီးသာကြည့်နေသည်။

YOU ARE READING
The heart wants what it wants
Fanfictionနှလုံးသားက သူ့အလိုအတိုင်းရွေးချယ်တာမို့ ကျွန်တော်တို့မှာ လွန်ဆန်ခွင့်မရှိ.... Chansoo 🐯🐧 (Unicode + Zawgyi)