Part 14
သာယာသောရာသီဥတုနှင့် လှပသော ပင်လယ်သည် အလွန်လိုက်ဖက်လှသည်။ချန်ယောလ်တို့အိမ်အပေါ်ထပ်ကနေ ပင်လယ်ဘက်ကိုလှမ်းကြည့်လိုက်ရင်
ကမ်းတော်တော်ဝေးဝေးအထိ ကောင်းကောင်းမြင်ရသည်။ ပြီးခဲ့တဲ့နေ့က ဂျောင်ဆူးကို အိမ်မှာပဲလိုက်တည်းဖို့ခေါ်လာခဲ့ပြီး ရာသီဥတုသာယာသည့်နေ့
ငါးသွားမျှားကြဖို့ ပြောထားသည်။အခု ချန်ယောလ်နဲ့ ဂျောင်ဆူး ပတ်သက်မှုက ဘယ်လိုဖြစ်သွားပြီလဲ။ ချစ်တယ်လို့မပြောရသေးပေမဲ့ ချစ်သူတွေလို့ပြောလို့ရလား။ ဘယ်လိုပြောရမယ်မှန်းမသိသေးပေမဲ့ ဒီအခြေအနေက သူငယ်ချင်းတွေလိုနေတုန်းကထက်တော့ နည်းနည်းပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာအမှန်ပဲဖြစ်သည်။
ဂျောင်ဆူးဘက်ကတော့ ဘာမှမပြောင်းလဲပေမဲ့ ချန်ယောလ်က အနေခက်သလို ခံစားရသည်။ ကိုယ်ခါးခါးသီးသီးငြင်းဆန်ခဲ့ဖူးသည့် အနေအထားတစ်ခုကို ရောက်နေတာကြောင့်လည်းပါသလို အရင်ချစ်စရာကောင်းတယ်လို့ ထင်ခဲ့တဲ့ ဂျောင်ဆူးက အခုကျမှ ရင်ခုန်စရာကောင်းနေတာလည်းပါသည်။
"ဂျောင်ဆူး ပြီးရင် ငါးမျှားဖို့သွားရအောင်"
ဂျောင်ဆူးက ကင်းမွန်ခြောက်တွေကို တုတ်မှာထိုးနေရင်းကနေ ချန်ယောလ်ကို လှည့်ကြည့်သည်။ ချန်ယောလ်တို့အိမ်က ရေလုပ်ငန်းလုပ်ကိုင်သလို ပင်လယ်စာတွေကို အစိုရော အခြောက်ရော ဖြန့်သည်။ မိသားစု တစ်ပိုင်တစ်နိုင်လုပ်တာဖြစ်သောကြောင့် ဂျောင်ဆူးက ဝင်ကူပေးနေခြင်းဖြစ်သည်။
"ဒီနေ့ရာသီဥတုကောင်းလို့လား
လေကျမယ်ထင်တယ်""အခုတော့ကြည်နေတာပဲလေ ဘာမှလည်း ကြေငြာထားတာမတွေ့ပါဘူး
လေပြင်းရင်တောင် သာမန်အနေအထားပဲနေမှာပါ""အင်း ဒါလေးလုပ်နေတာပြီးရင် သွားမယ်"
"ထားခဲ့လိုက်တော့ နောက်ကျမယ်"
"ဒါဆိုခဏလေး လက်ဆေးဦးမယ်"
"အနွေးထည်ဝတ်ခဲ့ဦး"
အိမ်ထဲဝင်သွားတဲ့ ဂျောင်ဆူးကို ချန်ယောလ်က လှမ်းအော်ပြောလိုက်သည်။ သူတို့ရဲ့ပြောင်းလဲလာတဲ့ ဆက်ဆံရေးကို အိမ်က သတိမထားမိသောကြောင့် ဘာမှတော့မပြောပါ။ ဂိုထောင်ထဲမှာသိမ်းထားတဲ့ ငါးမျှားတံနှစ်ချောင်းကိုယူကာ ငါးစာပုံးပါယူထုတ်လိုက်သည်။ ဂျောင်ဆူး အနွေးထည်ဝတ်ပြီးထွက်လာတော့ အိမ်ကလူတွေကို ငါးသွားမျှားဖို့ပြောပြီး ပင်လယ်ဘက်ထွက်ခဲ့ကြသည်။
ESTÁS LEYENDO
The heart wants what it wants
Fanficနှလုံးသားက သူ့အလိုအတိုင်းရွေးချယ်တာမို့ ကျွန်တော်တို့မှာ လွန်ဆန်ခွင့်မရှိ.... Chansoo 🐯🐧 (Unicode + Zawgyi)