Part 7

283 72 11
                                    

Part 7

ကျွန်တော့်ဘဝမှာ အကြီးမားဆုံးအားနည်းချက်က ကိုယ်တိုင်ဘာဖြစ်ချင်နေမှန်း ဘာလိုချင်နေမှန်း မသိတာပဲဖြစ်သည်။ အများကြီး လောဘမထားတတ်ပေမဲ့ အနားမှာအမြဲရှိတတ်တဲ့ ဂျောင်ဆူးကိုတော့ ကျွန်တော်အတ္တကြီးကြီးနဲ့ လိုတာထက်ပိုပြီး ထိန်းချုပ်ထားချင်ခဲ့သည်။ စိတ်တိုင်းကျထိန်းချုပ်ဖို့ လွယ်ကူလောက်အောင်ကို ဂျောင်ဆူးကကျွန်တော့်အတွက် ဖြူစင်ပြီးရိုးရှင်းလွန်းပါသည်။

ကျွန်တော့်အပြင် ဦးစားပေးစရာမရှိဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်တော်က ဂျောင်ဆူးကို စိတ်ချသွားဖို့ လုံလောက်ခဲ့လေသလား။ ကျွန်တော် ဂျောင်ဆူးကို အပြည့်အဝစိတ်ချပေမဲ့ ဂျောင်ဆူးကို လာပတ်သက်နေတဲ့ ပတ်ဝန်းကျင်ကိုတော့ စိတ်ချမထားနိုင်ခဲ့ပါ။

ပထမဆုံးဂျောင်ဆူးကို ပတ်သက်လာတဲ့မိန်းကလေးကို ကျွန်တော်ရအောင်လိုက်ပြီး တွဲခဲ့သည်။  အပျော်တမ်း ရင်ခုန်တတ်ကာစအရွယ်ဆိုတော့ အလေးအနက်မရှိတဲ့ လူနှစ်ယောက်ရဲ့ဆက်ဆံရေးက လွယ်လွယ်ဖြစ်သလို လွယ်လွယ်ပြတ်ခဲ့ကြသည်။ ဒုတိယအကြိမ် ထပ်ပြီး ပတ်သက်လာတဲ့ အွန်းဘီကို မင်အာလိုပဲ ကျွန်တော် ပေါ့ပေါ့လေးသဘောထားခဲ့သည်။ တွဲတာကြာလာတာနဲ့အမျှ အွန်းဘီဘက်က လေးနက်လာတော့ ကျွန်တော်ရုန်းထွက်ရခက်လာသည်။နောက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အွန်းဘီကို လက်လွှတ်ဖို့ ခက်နေပြန်သည်။ အွန်းဘီဆီမှာ ကျွန်တော်ရုန်းမထွက်ချင်လောက်အောင် တွယ်ငြိရတဲ့ အချက်လေးတွေရှိနေသည်။

အွန်းဘီအိမ်က အွန်းဘီကို အိမ်ထောင်ချပေးဖို့နဲ့ နိုင်ငံခြားမှာကျောင်းတက်ဖို့ စီစဉ်တယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဘာလုပ်ပေးရမှန်းမသိခဲ့ပါ။ ကိုယ်တိုင်ကလည်း ကျောင်းသားဖြစ်နေတာရော အွန်းဘီနဲ့ချက်ချင်းကြီးလက်ထပ်ဖို့ မဖြစ်နိုင်သေးတာရောနဲ့ ကျွန်တော်တို့ဆက်ဆံရေးမှာ အဖုအထစ်တစ်ချို့ရှိလာခဲ့သည်။ အဆင်မပြေကြပေမဲ့ အွန်းဘီက ကျွန်တော့်ကိုမစွန့်လွှတ်နိုင်သလို ကျွန်တော်လည်း အွန်းဘီနဲ့မခွဲချင်ခဲ့ပါ။ ဒါနဲ့ပဲ အွန်းဘီကို လက်ထပ်ရအောင်အထိလည်း ကျွန်တော့်စိတ်က မပြတ်သားနိုင်ပြန်ပါ။

The heart wants what it wantsTempat cerita menjadi hidup. Temukan sekarang